အမေရိကန်နှင့်ဆက်ဆံရေး ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်ရောက်ရန် မျှော်လင့်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

အမေရိကန်နှင့်ဆက်ဆံရေး ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်ရောက်ရန် မျှော်လင့်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပသည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးပူးတွဲအစည်းအဝေး၌ တရုတ် ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ လူချင်းတွေ့ရန် မျှော်လင့်ထားချိန်တွင် တရုတ် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်လင်းက နှစ်နိုင်ငံကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာပြီး တည်ငြိမ်တိုးတက်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု CNN သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် ဘာလီကျွန်း၊ နူဆာဒါပင်လယ်အော် ရှိ ဇိမ်ခံကမ်းခြေဟိုတယ်တစ်ခုဖြစ်သည့် The Mulia တွင် တွေ့ဆုံမည်ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို အခိုင်အမာ ကာ ကွယ်နေချိန်မှာ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ အမေရိကန်နဲ့ နှစ်ဖက်အကျိုး ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိဖို့ ကတိပြုထားပါတယ်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်အဆိုပြုထားတဲ့ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ နှစ်ဖက် အကျိုးရှိရေး မူကြီး ၃ ရပ်နှင့်အညီ တရုတ်-အမေရိကန် ဆက်ဆံရေးကို အမြဲရှုမြင်ပြီး ဖွံ့ဖြိုးတိုးတက်

လာခဲ့ ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး အမေရိကန်နှင့် တရုတ်တို့သည် ခေတ်သစ်တွင် အတူ ပူးပေါင်းပြီး မှန်ကန်သောနည်းလမ်းဖြင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရန် ထောက်ခံအားပေးခဲ့ကြောင်း CNN က ဖော်ပြခဲ့သည်။

ဆွေးနွေးပွဲအတွင်း ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ကျော်လွှားခြင်းအပါအဝင် သမ္မတဘိုင်ဒင်ပင်လျှင် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပထမဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံမှုအတွက် အကျယ်တဝင့် ပြင်ဆင်နေ ခဲ့ကြောင်း အကြံပေးများက ဆိုသည်။

တရုတ်၏ သံသယဖြစ်ဖွယ်လူ့အခွင့်အရေးမှတ်တမ်းကို အမေရိကန်က ဆက်လက်ပြောဆိုနေသော်လည်း ပဋိပက္ခကို တားဆီးရန် တရုတ်နှင့် ဆက်သွယ်ရေးလမ်းကြောင်းကို ဖွင့်ထားမည်ဟု ဘိုင်ဒင်က နိုဝင်ဘာ ၁၃ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်ဟု Al Jazeera က ဖော်ပြခဲ့သည်။

သမ္မတ ရှီကျင့်ဖျင်၏ ကိုယ်စားအငယ်တန်းအရာရှိများက ထုတ်ဖော်ပြောဆိုရန် ဆန္ဒမရှိခြင်း သို့မဟုတ် ထုတ်ဖော်ပြောဆိုရန် မလိုလားကြောင်း အမေရိကန်အရာရှိ အများအပြားက မကျေမနပ် ထုတ်ဖော်ပြောဆို ခဲ့ကြသည်။

ခေါင်းဆောင် ၂ ဦးကြား မျက်နှာချင်းဆိုင်တွေ့ဆုံခြင်းက အပြန်အလှန်စိုးရိမ်သည့် ကဏ္ဍများနှင့် တစ်ဦး၏ ကန့်သတ်ချက်များကို မျှဝေနားလည်မှုဆိုင်ရာ တိုးတက်မှုအချို့ကို ဆောင်ကြဉ်းပေးမည်ဟု မျှော်လင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required