ကမ္ဘာပေါ်ရှိ ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာရသူများ၏ ၇၀ ရာခိုင်နှုန်းကျော်က အာဖဂန်နစ္စတန်တွင် ရှိနေကြောင်း ကုလ ပြော

ကမ္ဘာပေါ်ရှိ ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာရသူများ၏ ၇၀ ရာခိုင်နှုန်းကျော်က အာဖဂန်နစ္စတန်တွင် ရှိနေကြောင်း ကုလ ပြော

ကမ္ဘာပေါ်ရှိ ဒုက္ခသည်များနှင့် နေရပ်စွန့်ခွာသူများ၏ ၇၀ ရာခိုင်နှုန်းကျော်က အာဖဂန်နစ္စတန်တွင် ရှိနေသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ပြောကြားလိုက်ကြောင်း TOLO news က ဖော်ပြသည်။

ယမန်နှစ် ဩဂုတ်လက တာလီဘန်တို့ အာဏာပြန်ရပြီးနောက် အာဖဂန်ပြည်သူများသည် နိုင်ငံတွင် စိတ်မသက် မသာဖြစ်စွာဖြင့် ဆက်လက်နေထိုင်ကြရပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ၏ အဆိုးဆုံး အခြေအနေကို ကြုံတွေ့ခံစားနေကြရသည်။

အာဖဂန်နစ္စတန်အပြင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဆီးရီးယားနှင့် ယီမင် အပါအဝင် အခြားသော ရာသီဥတုဒဏ်ခံနိုင်စွမ်းနည်းသော နိုင်ငံများတွင်လည်း နေရပ်စွန့်ခွာသူဦးရေ အများအပြား ရှိနေကြောင်း ဂရန်ဒီက ပြောသည်။

“အာဖဂန်နစ္စတန်ဟာ COP27 ရာသီဥတု ညီလာခံရဲ့ အစည်းအဝေးအစီအစဉ်ထဲမှာ မပါပါဘူး။ ဒီညီလာခံမှာ အာဖဂန်နစ္စတန်ရဲ့ တရားဝင် ကိုယ်စားလှယ်လည်း တက်ရောက်ခွင့် မရခဲ့ပါဘူး။ ကျွန်တော်ကတော့ အလွတ် သဘော ကိုယ်စားလှယ်တစ်ဦးအနေနဲ့ တက်ခဲ့ပါတယ်” ဟု COP27 ညီလာခံတွင် အာဖဂန်နစ္စတန်၏ အလွတ် သဘော ကိုယ်စားလှယ်တစ်ဦးအဖြစ် တက်ခဲ့သည့် အဗ္ဗဒူလ် ဟာဒီ အာချာခ်ဇိုင်က ပြောကြောင်း TOLO news က ကိုးကားဖော်ပြသည်။

ရာသီဥတု ပြောင်းလဲမှုနှင့် မကြာမီ ဆောင်းရာသီ ဝင်တော့မည့် အခြေအနေကြောင့် နေ့စဉ်နှင့်အမျှ အသက်ရှင် နေထိုင်ရပ်တည်ရန် ပိုမို ခက်ခဲလာနေသည်ဟု အာဖဂန်မှ နေရပ်စွန့်ခွာရသူ မိသားစုများက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required