တရုတ်က အချုပ်အခြာအာဏာ ထိပါးအောင် လုပ်ဆောင်နေကြောင်း အာရှခေါင်းဆောင်များကို ဂျပန်ဝန်ကြီးချုပ် ပြောကြား

တရုတ်က အချုပ်အခြာအာဏာ ထိပါးအောင် လုပ်ဆောင်နေကြောင်း အာရှခေါင်းဆောင်များကို ဂျပန်ဝန်ကြီးချုပ် ပြောကြား

တရုတ်က ဂျပန်၏ အချုပ်အခြာအာဏာကို ထိပါးနေပြီး ဒေသတွင်း တင်းမာမှုများ မြင့်တက်လာစေရန် စဉ်ဆက် မပြတ် လုပ်ဆောင်နေကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါက အာရှခေါင်းဆောင်များအား နိုဝင်ဘာ ၁၃၇က် တွင် ပြောကြားလိုက်သည်။

ကမ္ဘောဒီးယားတွင် ကျင်းပသည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွင် ကီရှီဒါက ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေးသည် ဒေသတွင်း လုံခြုံရေးအတွက် အရေးကြီးကြောင်းနှင့် ဝီဂါလူမျိုးများ၏ လူ့အခွင့် အရေးအခြေအနေအပေါ် အလွန်စိုးရိမ်ကြောင်းလည်း ပြောကြားခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ဂျပန်ရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ပြီး အရှေ့တရုတ်ပင်လယ်မှာ တရုတ်က ရန်လိုမှုတွေ ဆက်လက် တိုးမြှင့်လုပ်ဆောင်နေပါတယ်။ တောင်တရုတ်ပင်လယ်မှာ ဒေသတွင်းတင်းမာမှုတွေ မြင့်တက်လာစေတဲ့ လုပ်ဆောင်ချက်တွေကို တရုတ်က ဆက်လက်လုပ်ဆောင်နေပါတယ်" ဟု ကီရှီဒါက အစည်းအဝေးတွင် ပြော ကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေး၏ အရေးကြီးမှုနှင့် တောင်တရုတ်ပင်လယ်တွင် လွတ်လပ်စွာ ရေ ကြောင်းသွားလာရေးကို အာမခံရေး အာရှခေါင်းဆောင်များကို အလေးပေး ပြောကြားခဲ့သည့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားချက်ပြီးနောက် ကီရှီဒါ၏ မှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။

အောက်တိုဘာလမှစတင်၍ ဂျပန်ကိုဖြတ်ကျော်သွားသည့် ဒုံးကျည်အပါအဝင် မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံး ကျည်များ မကြာခဏ ပစ်လွှတ်မှုက နိုင်ငံတကာအသိုက်အဝန်းအပေါ် ပြတ်ပြတ်သားသားနှင့် ပြင်းထန်သော စိန်ခေါ်မှုဖြစ်ကြောင်းနှင့် ယင်းလုပ်ရပ်ကို လက်မခံနိုင်ကြောင်း ကီရှီဒါက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ အနောက်ဘက်စွန်း ရှင်ကျန်းဒေသတွင် နေထိုင်သည့် လူများစုတိုင်းရင်းသားဝီဂါမွတ်စလင်များ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုမှန်သမျှကို တရုတ်က ငြင်းဆိုထားပြီး ကုလသမဂ္ဂလူ့အခွင့်အရေးရုံး၏ တွေ့ရှိချက်အမှားများကို တန်ပြန်ရန် အစိုးရကိုယ်စားလှယ်အဖွဲ့ကို ဂျီနီဗာသို့ စေလွှတ်ခဲ့သည်။

ကမ္ဘာ့စီးပွားရေးအင်အားကြီး ၃ နိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် အာဆီယံနိုင်ငံများအပါအဝင် ကမ္ဘာ့စီးပွားရေး၏ ထက်ဝက်ခန့်ရှိသော နိုင်ငံပေါင်း ၁၈ နိုင်ငံပါဝင်သော အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ကီရှီဒါသည် ကမ္ဘောဒီးယားသို့ ရောက်ရှိနေသည်။

ဂျပန်ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၁၅ရက်တွင် စတင်မည့် အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် ကျင်းပမည့် ဂျီ-၂၀ ထိပ်သီး အစည်း အဝေးသို့လည်း တက်ရောက်မည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required