၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာအား ကျင်းပခွင့်ပေးတာဟာ မှားယွင်းခဲ့ကြောင်း ဂျာမနီရဲ့ ဖိလစ်လမ်း ပြော

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာအား ကျင်းပခွင့်ပေးတာဟာ မှားယွင်းခဲ့ကြောင်း ဂျာမနီရဲ့ ဖိလစ်လမ်း ပြော
Photo: AFP

ကာတာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ခုနစ်ရက်အလိုမှာ ဂျာမနီအသင်းခေါင်းဆောင်ဟောင်း ဖိလစ်လမ်းက ပင်လယ်ကွေ့အာရပ်နိုင်ငံအား ပြိုင်ပွဲကို အိမ်ရှင်ပြုလုပ်ခွင့် ပေးအပ်လိုက်တာဟာ မှားယွင်းခဲ့တယ်လို့ ပြောပါတယ်။

ဂျာမနီရဲ့ ၂၀၂၄ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကျင်းပရေးကော်မတီ အကြီးအကဲဖြစ်သူ လမ်းက ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ကာတာနိုင်ငံနဲ့ မသက်ဆိုင်ဘူးကို Zeit Online ကော်လံမှာ တနင်္ဂနွေနေ့က ရေးသားခဲ့ပြီး နိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေတွေကို ဝေဖန်ခဲ့ပါတယ်။

လမ်းဟာ တိုးတက်မှုအချို့ကို အသိအမှတ်ပြုခဲ့ပေမယ့်လည်း လိင်တူဆက်ဆံသူတွေကို ရာဇဝတ်မှုအဖြစ် ခံနေရဆဲဖြစ်ပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးမရှိတဲ့အပြင် သတင်းလွတ်လပ်ခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်ကိုလည်း ကန့်သတ်မှုများ ရှိနေပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အခြေအနေတွေ ဆိုးရွားနေတယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

၂၀၁၄ မှာ ဂျာမနီအသင်းနဲ့ ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့တဲ့ လမ်းက ဖီဖာဟာ ၂၀၁၀ မှာ ကာတာအား ပြိုင်ပွဲကို ပေးအပ်ကျင်းပတဲ့အတွက် ပိုမိုကောင်းမွန်တဲ့ ကိုယ်စားလှယ်လောင်းတွေ ရရှိနိုင်တယ်လို့ ဆိုကာ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

"ဖီဖာဟာ အနောက်တိုင်းအဖွဲ့အစည်းတစ်ခုအနေဖြင့် ဘောလုံးနဲ့ ၎င်းရဲ့ယုံကြည်ကိုးစားမှုကို ထိခိုက်စေခဲ့တယ်လို့" အားကစားအတွက် ကာတာရဲ့ စိတ်အားထက်သန်မှုကို မေးခွန်းထုတ်ခဲ့သူ လမ်းက ဆိုပါတယ်။

"ဘောလုံးဟာ ကာတာမှာ ရေပန်းစားတဲ့ အားကစားတစ်ခုမဟုတ်သလို မိန်းကလေးတွေ ကစားဖို့ လက်တွေ့မှာ အခွင့်အလမ်းမရှိဘူး။ နိုဝင်ဘာ ၂၀ ရက်ကနေ ဒီဇင်ဘာ ၁၈ ရက်အထိ ကျင်းပမယ့် ၃၂ သင်းပြိုင်ပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ လမ်းက ပြောပါတယ်။

ဘွန်ဒက်လီဂါနဲ့ ဂျာမနီရဲ့ ဒုတိယတန်းလိဂ်က အလားတူ စိုးရိမ်းပူပန်နေကြတဲ့ ပရိသတ်တွေက ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ဆန္ဒပြမှုများအပြီးမှာ လမ်းရဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာပါ။

ဖီဖာဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာက ကာတာကို ပြိုင်ပွဲ ပေးအပ်ဖို့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီးနောက် သူ့ရဲ့ ကော်လံ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ ဘလတ္တာက ပြင်သစ်သမ္မတဟောင်း နီကိုလပ် ဆာကိုဇီနဲ့ အဲဒီအချိန်က ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီတို့အကြား အဓိကမဲပေးခဲ့တဲ့ တွေ့ဆုံမှုကို ကိုးကားဖော်ပြခဲ့တာပါ။

ဆွစ်ဇာလန်မှာ ၁၉၅၄ ပြိုင်ပွဲနောက်ပိုင်း အရွယ်အစားအားဖြင့် ဘောလုံးအားကစားနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲက ကာတာနိုင်ငံထက် ပိုပြီးကြီးမားနေပါတယ်လို ဘလတ္တက ပြောပါတယ်။

(AP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly