ဖလားအတွက် ဘရာဇီးလ်၊ အာဂျင်တီးနားက အကြိုက်ဆုံးဖြစ်တယ်လို့ ကလင်းစမန်း ပြော

ဖလားအတွက် ဘရာဇီးလ်၊ အာဂျင်တီးနားက အကြိုက်ဆုံးဖြစ်တယ်လို့ ကလင်းစမန်း ပြော
Photo: EPA

အာဂျင်တီးနားနဲ့ ဘရာဇီးလ်တို့ဟာ လာမယ့် ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ တခြားအသင်းတွေထက် ပိုမိုကောင်းမွန်မှုနဲ့အတူ ခန့်မှန်းတွက်ဆမရတာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်လို့ ဂျာမန်နဲ့ အမေရိကန်လက်ရွေးစင်နည်းပြဟောင်း ဂျာဂန် ကလင်းစမန်းက ယုံကြည်နေပါတယ်။

“ဘရာဇီးလ်ဟာ အလွန်အောင်မြင်တဲ့ ခြေစစ်ပွဲကို ကစားခဲ့ပြီး အာဂျင်တီးနားလိုပဲ သူတို့ဟာ အရင်ကမ္ဘာ့ဖလားတွေထက် ပိုကောင်းအောင် လုပ်ပြနိုင်တယ်ဆိုတာကို သက်သေပြလိုတဲ့ ခံစားချက်မျိုးရှိပါတယ်”လို့ အသက် ၅၈ နှစ်အရွယ် ကလင်းစမန်းက အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

အာဂျင်တီးနားနဲ့ ပတ်သက်လို့ ကလင်းစမန်းက စူပါစတား လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ကစားသမားဘဝနောက်ဆုံး အဓိကဖလား ဖြစ်နိုင်ခြေအရှိဆုံးဖြစ်တာကြောင့် အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ မြင့်မားတဲ့ ရည်မှန်းချက်တွေ ကိန်းအောင်းနေဖို့ မျှော်လင့်နေပါတယ်။

ပါဝင်တဲ့ အသင်းတွေဟာ ကာတာပြိုင်ပွဲမှာ မခန့်မှန်းနိုင်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ “လောလောဆယ်မှာ ကျနော်တို့တွေ အကဲဖြတ်လို့မရပါဘူး၊ အကြောင်းတစ်ခုခုကြောင့် ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ အကောင်းဆုံး အဆင်ပြေသွားမှာ ကျနော် သေချာပါတယ်။”

တောင်အမေရိကနိုင်ငံ နှစ်သင်းစလုံးဟာ ထိပ်တန်းပုံစံမှာ ရှိနေတယ်လို့ ၁၉၉၀ ကမ္ဘာ့ဖလားချန်ပီယံနဲ့ ၁၉၉၆ ဥရောပချန်ပီယံဆုပိုင်ဆိုင်ခဲ့တဲ့ ကလင်းစမန်းက ပြောပါတယ်။ "သူတို့က ချန်ပီယံဆုကို ဆွတ်ခူးဖို့ ကျနော့် အကြိုက်ဆုံးတွေပါ။"

ဘိုင်ယန်နည်းပြဟောင်းရဲ့ ရှုထောင့်ကနေကြည့်ရင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူ့အသင်း မန်ချက်စတာယူနိုက်တက်နဲ့ ဒီရာသီရဲ့ အခက်အခဲတွေကို မေ့ထားနိုင်ခဲ့မယ်ဆိုရင် ၂၀၁၆ ဥရောပချန်ပီယံ ပေါ်တူဂီဟာ ပြိုင်ပွဲရဲ့ အံ့အားသင့်စရာအခန်းကဏ္ဍကနေ ပါဝင်သွားနိုင်ပါတယ်။

“ပြိုင်ပွဲမှာ အံ့အားသင့်စရာတစ်ခုရှိလာမယ်ဆိုရင် ပေါ်တူဂီဖြစ်မယ်ထင်တယ်”လို့ သူက ဆိုပါတယ်။

ဂျာမန်အသင်းနဲ့ ပတ်သက်လို့ ကလင်စမန်းက အသင်းရဲ့ အသစ်ဖွဲ့စည်းထားတဲ့ ခံစစ်ကို ပုံစံကောင်းရယူဖို့ ရက်သတ္တပတ်အနည်းငယ်သာ အချိန်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

"ဂျာမနီမှာ အရမ်းကောင်းတဲ့ လူငယ်အသင်းတစ်သင်းရှိတယ်။ သူတို့တွေ အောင်မြင်မှုရနိုင်ပြီး သီအိုရီအရလည်း သူတို့ ဒီကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ပါတယ်။"လို့ သူက ပြောဆိုသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly