အာဖဂန်နစ္စတန်၌ စီးပွားရေးစင်္ကြံ စီမံကိန်းတိုးချဲ့ရန် ပါကစ္စတန်နှင့်ညှိနှိုင်းမှုအနေအထား မလုံလောက်ဟု အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြ

အာဖဂန်နစ္စတန်၌ စီးပွားရေးစင်္ကြံ စီမံကိန်းတိုးချဲ့ရန် ပါကစ္စတန်နှင့်ညှိနှိုင်းမှုအနေအထား မလုံလောက်ဟု အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြ

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ဇ်ရှာရစ်ဖ်က တရုတ်ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) ကို တိုးချဲ့ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ပါကစ္စတန်နှင့်သဘောတူညီချက်များကို တရုတ်မကျေနပ်မှုက ထိုအစီအစဉ်ကို နှောင့်နှေးစေကြောင်း Geo-politik သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအတွက်မူ အာဖဂန်နစ္စတန်တွင် ဘီလီယံနှင့်ချီတန်ဖိုးရှိသော စီမံကိန်းများတိုးချဲ့ခြင်းသည် ပါကစ္စတန်တွင် ကြုံတွေ့ရလျက်ရှိသော လုံခြုံရေးပြဿနာများကို မြှင့်တင်ရာရောက်ပြီး ပိုမိုခက်ခဲသော အနေအထားဖြစ်စေသည်။ အာဖဂန်နစ္စတန်တွင် အခြေခံအဆောက်အအုံ အားနည်းပြီး ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်နိုင်မှု နည်းပါးကာ တာလီဘန်အစိုးရကို ဆန့်ကျင်သော အစ္စလာမ္မစ်အုပ်စုများထံမှ ခြိမ်းခြောက်မှုမှာ ပိုကြီးမားလာသည်။

တာလီဘန်တို့သည် အစပိုင်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်ချက်များစွာထားခဲ့သော်လည်း အကောင်အထည် ပေါ်မလာခဲ့ပေ။ တရုတ်သည် ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်နေပြီး အရှေ့ တာကစ္စတန် အစ္စလာမ္မစ်လှုပ်ရှားမှုဟု ယခင်က သိသည့် တာကစ္စတန်အစ္စလာမ္မစ်ပါတီနှင့် အဆက်အသွယ်ဖြတ်မည်ဆိုသော တာလီဘန်တို့၏ ကတိကဝတ်နှင့်ပတ်သက်၍ သံသယများရှိနေသည်ဟု စင်္ကာပူနိုင်ငံတော်တက္ကသိုလ်မှ သုတေသီ ကလော်ချိုင်ယီအန်းကို ကိုးကား၍ Geopolitik က ဖော်ပြခဲ့သည်။

တရုတ်၏အကြီးမားဆုံးစိုးရိမ်မှုမှာ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် နယ်စပ်တွင်တည်ရှိသော အစ္စလာမ္မစ် စစ်သွေးကြွများကို လေ့ကျင့်ပေးနေရာ အုပ်ချုပ်၍မရနိုင်သော လူမျိုးစုဒေသကို အသုံးပြုရခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ခန်းဂျန်အလိုကိုဇေး ကိုကိုးကား၍ Geopolitik က ရေးသားထားသည်။ အာဖဂန်မြေပေါ်မှ အမေရိကန်ထွက်သွားစဉ် ကျန်ရစ်ခဲ့သော ဟာကွက်ကို တရုတ်နှင့် ရုရှားနှစ်နိုင်ငံစလုံးက ဖြည့်ဆည်းပေးလိုကြသည်။ ရုရှားသည် အာဖဂန်၏ လက်ရှိကုန်သွယ်ဖက်နိုင်ငံဖြစ်သော်လည်း တရုတ်က အသုံးမပြုရ သေးသော အာဖဂန်အရင်းအမြစ်များကို ရှာဖွေရန် စိတ်အားထက်သန်လျက်ရှိသည်။ သို့သော် နှစ်နိုင်ငံစလုံးက တာလီဘန်အစိုးရအား အသိအမှတ်ပြုရန် ဆန္ဒရှိကြောင်း မပြသသလို သံတမန်ဆက်ဆံရေးကို အဆင့်မြှင့်တင်ခြင်းပင် မလုပ်ဆောင်ကြပေ။

စက်တင်ဘာ ၅ ရက်က ကဘူးလ်မြို့ရှိ ရုရှားသံရုံး၌ အသေခံဗုံးခွဲတိုက်ခိုက်မှုသည် အာဖဂန်နစ္စတန်တွင် ခိုရာဆန်အစ္စလာမ္မာစ်နိုင်ငံတော်အဖွဲ့ (ISKP) တိုးချဲ့တပ်စွဲမှုအပေါ် ရုရှားစိုးရိမ်မှုများ၏ သာဓကဖြစ်သည်။

အလားတူ အတားအဆီးများကို ရင်ဆိုင်နေရသော ရုရှားနှင့် တရုတ်တို့သည် နိုင်ငံတော်အကျိုးစီးပွားအတွက် ပူးတွဲလုံခြုံရေး မဟာဗျူဟာတစ်ရပ်ကို အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း လေ့လာသူများက

ပြောသည်။ နှစ်နိုင်ငံသည် ဝါခန်စင်္ကြံကို အသုံးပြုလျက် အာဖဂန်နစ္စတန်နိုင်ငံဘက်သို့ ခါးပတ်လမ်း ရပ်ဝန်း စီမံကိန်း (BRI) နှင့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) တို့ကို တိုးချဲ့ရန် မျှော်လင့်ထားကြသည်။ ရုရှားနှင့်တရုတ်တို့သည် အာဖဂန်နစ္စတန်တွင် ဘုံအကျိုးစီးပွားများရှိသော်လည်း ဒေသတွင်းတွင် ရင်ဆိုင်နေရသော အစ္စလာမ္မစ်အကြမ်းဖက်မှုဆိုင်ရာ နိုင်ငံရေးသဘောတရားကိုက်ညီရေးအတွက် မဖြေရှင်းနိုင်သေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required