ပန်းနှင့် အလှသစ်ပင် စီးပွားဖြစ်စိုက်ပျိုးရေး ဂျမူးနှင့် ကက်ရှ်မီးယားတွင် ကောင်းစွာ ဖြစ်ထွန်းနေ

ပန်းနှင့် အလှသစ်ပင် စီးပွားဖြစ်စိုက်ပျိုးရေး ဂျမူးနှင့် ကက်ရှ်မီးယားတွင် ကောင်းစွာ ဖြစ်ထွန်းနေ

အိန္ဒိယနိုင်ငံ ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ပန်းနှင့် အလှစ်သစ်ပင် စီးပွားဖြစ် စိုက်ပျိုးရေးသည် အစိုးရက ထောက်ပံ့သည့်အစီအစဉ်များ၊ ဆက်စပ်လုပ်ငန်းများက ပါဝင်ဆောင်ရွက်လာခြင်းကြောင့် စိုက်ပျိုးသူများအတွက် အကျိုးအမြတ်များစွာ ဖြစ်ထွန်းလာစေခဲ့သည်။

ဂျမူးနှင့် ကက်ရှ်မီးယားရှိ အဆိုပါ စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို မြှင့်တင်ပံ့ပိုးပေးနိုင်ရန် အရေးပါသည့် ကူညီပံ့ပိုးရေး အစီအစဉ်ဖြစ်သည့် MIDH၊ RKVY၊ ATMA တို့ကို လုပ်ဆောင်နေကြောင်း တရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီလုပ်ငန်းအစီအစဉ်မှာ အလုပ်လက်မဲ့ လူငယ်တွေနဲ့ လယ်သမားတွေ ပါဝင်လာပြီး ပန်းခူးလုပ်ငန်း၊ အမွှေးပန်းစိုက်ပျိုးရေး၊ အလှဆင်ပန်း ပြုစုပျိုးထောင်ရေးနှင့် အလုပ်အကိုင်နှင့် ဝင်ငွေအတွက် ပေါင်းစပ်စိုက်ပျိုးရေးတို့ကို လုပ်ဆောင်လျက်ရှိသည်” အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်ထောင်စုနယ်မြေရှိ လယ်သမားများ၏ ဘဝကို ပြောင်းလဲနိုင်ရန် ဗဟိုအစိုးရ၏ ခြေလှမ်းသစ်တစ်ရပ်ဖြစ်သော “မွှေးရနံ့ အစီအစဉ် သို့မဟုတ် ခရမ်းရောင်တော်လှန်ရေး’ တွင် ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ လယ်သမားတို့၏ ကံကြမ္မာတို့ကို စီးပွားဖြစ် သစ်ပင်ပန်းမန်စိုက်ပျိုးရေးတစ်ခုဖြစ်သည့် လာဗင်ဒါပန်း စိုက်ပျိုးရေးက ပြောင်းလဲ စေခဲ့သည်။

“ပြည်ထောင်စု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက သိပ္ပံနှင့် စက်မှုသုတေသန (CSIR) မွှေးရနံ့လုပ်ငန်းအစီအစဉ်’ ဖြင့် ‘ခရမ်းရောင် သို့မဟုတ် လာဗင်ဒါ တော်လှန်ရေး’ ကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည်။ ယင်းလုပ်ငန်းစဉ်၏ ရည်ရွယ်ချက်မှာ မွှေးရနံ့ထုတ် သစ်ပင်ပန်းမန်အခြေပြု စိုက်ပျိုး စီးပွားရေးကဏ္ဍကို ပံ့ပိုးရာတွင် အမွှေးဆီများကို ပြည်ပမှ တင်သွင်းခြင်းအစား ပြည်တွင်းထွက်အမျိုးအစားများကို အစားထိုး ဆောင်ရွက်ရန်ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လာဗင်ဒါပန်းစိုက်ပျိုးရေးကို ဂျမူးနှင့် ကက်ရှ်မီးယားဒေသရှိ ခရိုင် ၂၀ လုံးတွင် စိုက်ပျိုးလျက်ရှိသည်။ ယင်းအစီအစဉ် လာဗင်ဒါပန်း စတင်စိုက်ပျိုးသူများကို ပျိုးပင်များအခမဲ့ပေးပြီး ယခင်က စိုက်ပျိုးဖူးသူများအား ပျိုုးပင်တစ်ပင်လျှင် ၅-၆ ရူပြီးဖြင့် ရောင်းချပေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly