ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံ ပြန်လည် လည်ပတ်

ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံ ပြန်လည် လည်ပတ်

ဆယ်စုနှစ် ငါးခုစာမျှ သက်တမ်းရှိနေပြီဖြစ်သည့် ကယားပြည်နယ်က ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအား အလုံးစုံပြန်လည်ပြင်ဆင်ရေး ပြီးစီးပြီဖြစ်၍ အပြည့်အဝပြန်လည် လည်ပတ်ပေးနေ ပြီဖြစ်ကြောင်း ဌာနဆိုင်ရာက ထုတ်ပြန်သည်။

ဓာတ်အားပေးစက် ခြောက်ခုဖြင့် တစ်ခုလျှင် ၂၈ မီဂါဝပ်ထုတ်လုပ်နိုင်မှုကို ပြန်လည်ပြင်ဆင်ကောင်းမွန်ပြီဖြစ်၍ လျှပ်စစ်ဓာတ်အား ၁၆၈ မီဂါဝပ် ထုတ်လုပ်ပေးနိုင်သော ဘီလူးချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံက ပြန်လည်လည်ပတ်ပြီဖြစ်သည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ကယားပြည်နယ်တွင် ကျေးရွာပေါင်း ၁၁၄ ရွာတွင် ရွာ ၄၁ ရွာအား ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန် ၇၃ ရွာ လျှပ်စစ်ဓာတ်အား ရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိနေကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနအရ သိရသည်။

ကယားပြည်နယ်တွင် လျှပ်စစ်မီးရရှိသည့် ကျေးရွာစုစုပေါင်းအရေအတွက်က လက်ရှိဘဏ္ဍာနှစ်အတွင်း ၂၅၆ ရွာအထိ ရှိလာမည်ဖြစ်ပြီး လာမည့်နှစ်များအတွင်း ပြည်နယ်၏ ၉၀ ရာခိုင်နှုန်းကို လျှပ်စစ်မီး ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ရေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့လျှပ်စစ်စွမ်းအင်၊ ဒီဇယ်လောင်ကျွမ်းလျှပ်စစ်စွမ်းအင်၊ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများမှ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၅၂၃၅ မီဂါဝပ် ထုတ်လုပ်နိုင်ပြီဖြစ်ရာ ၂၀၁၀-၁၁ ခုနှစ်က ၃၄၁၃ မီဂါဝပ်သာ ထုတ်လုပ်နိုင်ခဲ့သည်ထက် ၁၈၂၂ မီဂါဝပ် ထပ်တိုးထုတ်လုပ်နိုင်ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly