ဆွန်ကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင် တောင်ကိုရီးယားလူစာရင်းမှာ ထည့်သွင်းခဲ့ပေမယ့်လည်း 'အပြီးသတ်ဆုံးဖြတ်ချက် မဟုတ်'

ဆွန်ကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင် တောင်ကိုရီးယားလူစာရင်းမှာ ထည့်သွင်းခဲ့ပေမယ့်လည်း 'အပြီးသတ်ဆုံးဖြတ်ချက် မဟုတ်'

ဆွန်ဟောင်မင်ဟာ စနေနေ့က ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်ကိုရီးယားအသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့်လည်း ပြင်းထန်တဲ့ မျက်နှာဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားအသင်းခေါင်းဆောင်ဟာ တော့တင်ဟမ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သူ့ရဲ့ဘယ်ဘက်မျက်လုံးတစ်ဝိုက်မှာ ဒဏ်ရာရရှိခဲ့ကာ ပြီးခဲ့တဲ့အပတ်က ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။

"ကျနော်တို့က သူနဲ့ တော့တင်ဟမ်ရဲ့ ဆေးဘက်ဆိုင်ရာဌာနကို ဆက်သွယ်နေပါတယ်"လို့ တောင်ကိုးရီးယားအသင်းရဲ့ ပေါ်တူဂီနည်းပြ ပေါ်လိုဘင်တိုက ပြောပါတယ်။

"သူ အသင်းနဲ့ လေ့ကျင့်ရမယ့်ရက် အတိအကျနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာ အချက်အလက်မရှိဘူး"လို့ သူက ပြောပါတယ်။

"ကျနော်တို့ စောင့်ရမှာပါ၊ သူ့အခြေအနေကို နေ့စဉ်ခွဲခြမ်းစိတ်ဖြာဖို့ ကျနော်တို့ လိုပါတယ်။

"ကျနော်တို့မှာ ဆုံးဖြတ်ဖို့ အချိန်ရှိပါတယ်။ အရေးကြီးဆုံး (အချက်က) သူက တတ်နိုင်သလောက် ပြန်ကောင်းလာပြီး၊ သူ အဆင်ပြေသလို ခံစားရပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ကျနော်တို့တွေ ချမှတ်သွားမှာပါ။"

ဆွန်ဟာ ကာတာမှာ အသင်းနဲ့အတူ မလေ့ကျင့်နိုင်ဘူးဆိုရင် သူ့နေရာမှာ အစားထိုးနိုင်မယ့် ၂၇ ယောက်မြောက် ကစားသမား တိုက်စစ်မှူး Oh Hyeon-gyu ကို ဘင်တိုက ရွေးချယ်ခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ အဖွင့်ပွဲစဉ်ကတော့ နိုဝင်ဘာ ၂၄ ရက်မှာ ဥရုဂွေးနဲ့ ကစားရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာပွဲ ၁၀၆ ပွဲကစားပြီး ၃၅ ဂိုး သွင်းယူထားတဲ့ ဆွန်က "ကျနော်တို့ရဲ့ လှပတဲ့နိုင်ငံကို ကိုယ်စားပြုဖို့ ကျနော် မစောင့်နိုင်တော့ဘူး၊ မကြာခင် တွေ့ကြမယ်"လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

အုပ်စု H မှာ တောင်ကိုရီးယားဟာ ဂါနာ၊ ပေါ်တူဂီတို့နဲ့လည်း ကစားမှာ ဖြစ်ပါတယ်။

သောကြာနေ့က အိမ်ကွင်းခြေစမ်းပွဲမှာ ဆွန်နဲ့ တခြားဥရောပအခြေစိုက်ကစားသမားတွေ လွဲချော်နေတဲ့ တောင်ကိုရီးယားအသင်းက အိုက်စလန်ကို ၁-၀ နဲ့ အနိုင်ရသွားပါတယ်။

အသင်းလူစာရင်း

ဂိုးသမား- Kim Seung-gyu (Al-Shabab/KSA), Song Bum-keun (Jeonbuk Motors), Jo Hyeon-woo (Ulsan)၊

နောက်ခံလူ- Kwon Kyung-won (Gamba Osaka/JPN), Kim Moon-hwan (Jeonbuk Motors), Kim Min-jae (Napoli/ITA), Kim Young-gwon (Ulsan), Kim Jin-su (Jeonbuk Motors), Kim Tae -hwan (Ulsan), Yoon Jong-gyu (FC Seoul), Cho Yu-min (Daejeon Hana Citizen), Hong Chul (Daegu FC)၊

ကွင်းလယ်ကစားသမားများ- Kwon Chang-hoon (Gimcheon Sangmu), Na Sang-ho (FC Seoul), Paik Seung-ho (Jeonbuk Motors), Lee Kang-in (Real Mallorca/ESP), Lee Jae-sung (Mainz/GER)၊ Jeong Woo-yeong (Freiburg/GER), Hwang In-beom (Olympiakos/GRE), Hwang Hee-chan (Wolverhampton Wanderers/ENG), Song Min-kyu (Jeonbuk Motors), Son Jun-ho (Shandong Taishan/CHN) Na Sang-ho (FC Seoul)၊

ရှေ့တန်း- Son Heung-min (Tottenham Hotspur/ENG), Cho Gue-sung (Jeonbuk Motors), Hwang Ui-jo (Olympiakos/GRE)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly