နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အဖွဲ့၏ မီးခိုးရောင်စာရင်းမှ ဖယ်ရှားခံရသည့် ပါကစ္စတန်ကို အိန္ဒိယ သတိပေးထား

By Devdiscourse
11 November 2022
နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အဖွဲ့၏ မီးခိုးရောင်စာရင်းမှ ဖယ်ရှားခံရသည့် ပါကစ္စတန်ကို အိန္ဒိယ သတိပေးထား

နိုင်ငံတကာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ မီးခိုးရောင် စာရင်းမှ ပါကစ္စတန်ကို ဖယ်ရှားလိုက်ခြင်းက အဆိုပါနိုင်ငံကို စေ့စေ့စပ်စပ် စစ်ဆေးတော့မည် မဟုတ်ဆိုသည့် အဓိပ္ပါယ်မျိုး မသက်ရောက်ကြောင်း အိန္ဒိယက အောက်တိုဘာ ၂၉ ရက်တွင် သတိပေးပြောဆိုလိုက်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းသည် FATF လုပ်ငန်းစဉ်နှင့် အခြားသော အကြမ်းဖက်မှု တိုက်ဖျက်ရေး နည်းလမ်းများမှတစ်ဆင့် နိုင်ငံများကို ဆက်လက် စေ့စေ့စပ်စပ် စစ်ဆေးလျက် ရှိကြောင်း အိန္ဒိယက ပြောသည်။

အိန္ဒိယအနေဖြင့် ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့များနှင့် ပတ်သက်ပြီး အထူးသတိထားပြီး ဆက်လက်စောင့်ကြည့်နေကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အတွင်းဝန် ဆန်ဂျေး ဗာမားက ANI နှင့် အင်တာဗျူးတစ်ခုတွင် ပြောသည်။

“သေချာတာကတော့ FATF လုပ်ငန်းစဉ်က ဆက်ရှိနေမှာပါ။ ခင်ဗျားတို့ နိုင်ငံအနေနဲ့ မီးခိုးရောင် စောင့်ကြည့်စာရင်းကနေ လွတ်မြောက်သွားလို့ ဆက်ပြီး စောင့်ကြည့်စစ်ဆေးခံရတော့မှာ မဟုတ်ဘူးလို့ ပြောလို့ မရပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ FATF လုပ်ငန်းစဉ်နဲ့ တခြား အကြမ်းဖက်မှု တိုက်ဖျက်ရေး ပလက်ဖောင်းတွေကနေတဆင့် နိုင်ငံတွေကို စေ့စေ့စပ်စပ် စစ်ဆေးနေဦးမှာပါပဲဆိုတာကို ကျွန်တော် သေချာပြောနိုင်ပါတယ်။ ကျွန်တော်တို့ကလည်း သတိနဲ့ ဆက်ရှိနေမှာဖြစ်ပြီး ရှေ့ကာလမှာလည်း ဒီအတိုင်း ဆက်ရှိနေမှာပါ” ဟု ၎င်းက ပြောသည်။

၂၀၁၁ နိုဝင်ဘာ ၂၆ ရက် မွမ်ဘိုင်း တိုက်ခိုက်မှုများအတွင်း အိန္ဒိယဘာသာရေးအဖွဲ့အစည်းကို တိုက်ခိုက်ရန် ညွှန်ကြားခဲ့သည့် အကြမ်းဖက်ခေါင်းဆောင် ဆာဂျစ် မီရာ၏ အသံဖိုင်နှင့် ပတ်သက်ပြီး မေးမြန်းသည့် မေးခွန်းကို တုံ့ပြန်ရင်း ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် FATF ၏ မီးခိုးရောင်စာရင်းမှ ပါကစ္စတန် ဖယ်ရှားခံရပြီးနောက်ပိုင်း အကြမ်းဖက်မှုများ မြင့်တက်လာနိုင်မှုအပေါ် အိန္ဒိယအနေဖြင့် အထူးသတိဖြင့် စောင့်ကြည့်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required