ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် တရုတ်အစိုးရက မူဝါဒများ ချမှတ်

ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် တရုတ်အစိုးရက မူဝါဒများ ချမှတ်

တရုတ်၏ ဘက်စုံကျဆင်းနေသော စီးပွားရေးတိုးတက်ရေးအတွက် လတ်တလောလုပ်ဆောင်ချက်အဖြစ် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးရန် မူဝါဒဆိုင်ရာ ပတ်ဝန်းကျင်ကို ပိုမိုတိုးတက် ကောင်းမွန်လာစေရေးအတွက် တရုတ်နိုင်ငံပိုင်စီမံကိန်းရေးဆွဲရေးဌာနမှ နိုဝင်ဘာ ၇က်တွင် သတိပေးချက် တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်သည် တတိယသုံးလပတ်တွင် အံ့အားသင့်ဖွယ်တိုးတက်မှုကို ပြသခဲ့သော်လည်း အိမ်ခြံမြေကဏ္ဍကျဆင်းမှု၊ သုံးစွဲမှုအားနည်းခြင်းနှင့် စဉ်ဆက်မပြတ် ကိုဗစ်ကန့်သတ်ချက် များကြောင့် ပြန်လည်နာလန်ထမှု အလားအလာမှာ မှေးမှိန်နေသေးသည်။

လူမှုရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ထက်ဝက်ကျော်မှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်းကြောင့် ပုဂ္ဂလိက ရင်းနှီးမြှုပ် နှံမှုများ အားကောင်းလာစေရန်၊ ဈေးကွက် မျှော်လင့်ချက်များ တည်ငြိမ်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း များ တိုးပွားလာစေရန် မူဝါဒဆိုင်ရာ ပံ့ပိုးကူညီမှုများ တိုးမြင့်မည် ဖြစ်ကြောင်း အဆိုပါ သတိပေးချက်တွင် ဖော်ပြထားသည်။

အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) ၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် သတိပေးချက်အရ ပုဂ္ဂလိကလုပ်ငန်းများသည် လမ်းပန်းဆက်သွယ်ရေး၊ ရေထိန်းသိမ်းမှုနှင့် ကာဗွန်လျှော့ချရေး စသည့် ကဏ္ဍကြီး ၁၀၂ ခုရှိ ရင်းနှီးမြှုပ်နှံမှုများကို မက်လုံးပေးမည်ဖြစ်သည်။

ဉာဏ်ရည်တု၊ cloud computing နှင့် blockchain ကဲ့သို့သော အဓိကစီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှုကို အာရုံစိုက်ခြင်းဖြင့် အွန်လိုင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးမည်ဟု တရုတ်အစိုးရက ပြောကြားခဲ့သည်။

ဗဟိုပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကလုပ်ငန်းများမှ ထုတ်ကုန်အသစ်များနှင့် နည်းပညာများကို တိုးမြှင့်အသုံးပြုရန် အားပေးမည်ဖြစ်သည်။.

သမ္မတရှီကျင့်ဖျင်က ခေါင်းဆောင်မှုသက်တမ်းအသစ်ကို စတင်ပြီး တင်းကျပ်သော ကိုဗစ်ကန့်သတ်ထိန်းချုပ်မှု များက စီးပွားရေးကို ပိုမိုထိခိုက်လာနေချိန်တွင် နိုင်ငံရေးအယူဝါကို ပိုမိုရှေ့တန်းတင်နိုင်သည်ဟူသော စိုးရိမ်မှု ကို ဖြေလျှော့ရန် ထင်ရှားသည့် ကြိုးပမ်းချက်အဖြစ် မူဝါဒချမှတ်သူများက တိုးတက်မှုသည် ဦးစားဖြစ်ကြောင်း နှင့် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly