ကိုဗစ်ကြောင့် ကမ္ဘာ့နိုင်ငံများ၏ ဝယ်လိုအား နှေးကွေးကာ တရုတ်ကုန်သွယ်မှု မမျှော်လင့်ဘဲ ကျဆင်း

ကိုဗစ်ကြောင့် ကမ္ဘာ့နိုင်ငံများ၏ ဝယ်လိုအား နှေးကွေးကာ တရုတ်ကုန်သွယ်မှု မမျှော်လင့်ဘဲ ကျဆင်း

တရုတ်တွင် ကိုဗစ်တားမြစ်ကန့်သတ်ချက်များနှင့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးကျဆင်းမှုအန္တရာယ်များသည် ဝယ်လိုအားကို ကျဆင်းစေကာ ရုန်းကန်နေရသော စီးပွားရေး အလားအလာကို ပိုမိုဆိုးရွားစေပြီး တရုတ်ပို့ကုန် နှင့် သွင်းကုန်များသည် အောက်တိုဘာလတွင် မထင်မှတ်ဘဲ တိုးတက်မှုလျော့ကျသွားခဲ့ပြီး ၂၀၂၀ပြည့်နှစ် မေလ နောက်ပိုင်း တွင် ပထမဆုံးအကြိမ် ကဏ္ဍစုံတပြိုင်နက်တည်းကျဆင်းသွားခြင်းဖြစ်သည်။

ကပ်ရောဂါ ကာကွယ်ရေး အစီအမံများနှင့် ငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်း၊ ကမ္ဘာတစ်ဝန်းအတိုးနှုန်းများ တဟုန်ထိုး တိုးမြင့်လာခြင်းနှင့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးကျဆင်းမှုတို့ကြောင့်ဖြစ်ပေါ်လာသော ကျယ်ပြန့် သော ဖိအားများကို ကိုင်တွယ်ရန် ကြိုးပမ်းနေချိန်တွင် ဆိုးရွားသောအချက်အလက်များက တရုတ်မူဝါဒ ချမှတ်သူများအတွက် စိန်ခေါ်မှုကို မီးမောင်းထိုးပြနေသည်။

ပြည်ပသို့ တင်ပို့မှုမှာ စက်တင်ဘာလတွင် ၅ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်ကထက် အောက်တိုဘာလတွင် ဝ ဒသမ ၃ ရာခိုင်နှုန်း သိသိသာသာကျဆင်းသွားကြောင်း နိုဝင်ဘာ ၇ရက်က ထုတ်ပြန်ခဲ့သည့် တရားဝင် အချက် အလက်များက ဖော်ပြခဲ့ပြီး လေ့လာဆန်းစစ်သူများ မျှော်မှန်းချက်ထားသည့် ၄ ဒသမ ၃ ရာခိုင်နှုန်း ထက် များစွာနိမ့်ကျနေခဲ့ရာ ၂၀၂၀ပြည့်နှစ် မေလနောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည်။

အချက်အလက်များက ကဏ္ဍစုံဝယ်လိုအား အားနည်းနေသေးကြောင်း ဖော်ပြနေပြီး လာမည့် ၄လပတ်များ အတွင်း ပို့ကုန်လုပ်ငန်းရှင်များအတွက် ပိုမိုဆိုးသွားနိုင်ကြောင်း လေ့လာသူများက သတိပေးထားပြီး တရုတ် ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် ပိုမိုဖိအားများရှိလာမည်ဖြစ်ပြီး ကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးသည် ဆက်တိုက်ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကန့်သတ်ထိန်းချုပ်မှုများနှင့် နှစ်ရှည်လများ အိမ်ခြံမြေကဏ္ဍ ကျဆင်းမှုနှင့် ရင်ဆိုင်နေရသည်။

အားနည်းသောကုန်သွယ်မှုအချက်အလက်နှင့် တရုတ်အစိုးရက တင်းကျပ်သော ကိုဗစ်ကင်းစင်ရေး မဟာဗျူ ဟာကို ဆက်လက်လုပ်ဆောင်ရန် ကတိပြုထားခြင်းကြောင့် နိုဝင်ဘာ ၇ရက်တွင် ယွမ်ငွေသည် ဒေါ်လာနှင့် နှိုင်းယှဉ်လျှင် တစ်ပတ်ကျော်ကြာ ဈေးတက်နေရာမှ ဝ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

"အားနည်းသော ပို့ကုန်တိုးတက်မှုသည် ကိုဗစ်ဖြစ်ပွားမှုကြောင့် အားနည်းသော ပြင်ပဝယ်လိုအားနှင့် ထောက်ပံ့ ရေးဆိုင်ရာ အခေက်အခဲများကို ကြုံတွေ့နိုင်ဖွယ်ရှိသည်" ဟု Pinpoint Asset Management မှ ဘောဂဗေဒ ပညာရှင် ကျီဝေကျန်းက Foxconn စက်ရုံတွင် ကိုဗစ်အနှောင့်အယှက်များကို ဥပမာအဖြစ် ကိုးကားပြီး ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကြောင့် ကျန်ကျိုးစက်ရုံတွင် အဓိကထုတ်လုပ်မှု ဖြတ်တောက်ပြီးနောက် တန်ဖိုးကြီး iPhone 14 မော်ဒယ်များ တင်ပို့ရောင်းချမှုမှာ မျှော်လင့်ထားသည်ထက် နည်းပါးသွားဖွယ်ရှိကြောင်း Apple Inc က ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required