တရုတ်ကျွန်ပြုလုပ်အားများကြောင့် အမေရိကန်က နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းတင်ပို့မှု ၁၀၀၀ ကျော်ကို တားမြစ်

တရုတ်ကျွန်ပြုလုပ်အားများကြောင့် အမေရိကန်က နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းတင်ပို့မှု ၁၀၀၀ ကျော်ကို တားမြစ်

ကျွန်ပြုခိုင်းစေမှုနှင့်ပတ်သက်သောစိုးရိမ်စရာကိစ္စများကြောင့် တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှ ထွက်ကုန်များကို တားမြစ်သော ဥပဒေအရ ဒေါ်လာသန်းပေါင်းများစွာတန်သော နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းတင်ပို့မှု ၁ ၀၀၀ ကျော်သည် ဇွန်လမှစ၍ အမေရိကန်ဆိပ်ကမ်းများတွင် သောင်တင်နေကြောင်း ဖက်ဒရယ် အကောက်ခွန် အရာရှိများနှင့် စက်မှုနယ်ပယ်သတင်းရင်းမြစ်များက ပြောသည်။

ရှန်ကျန်းရှိ ဝီဂါထိန်းသိမ်းရေးစခန်းများနှင့်ပတ်သက်၍ တရုတ်အပေါ်ဖိအားပေးရန် ရည်ရွယ်သော မူဝါဒသည် ရာသီဥတုတိုက်ဖျက်ရေးအတွက် အမေရိကန်စွမ်းအင်ကဏ္ဍတွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချမည့် ဘိုင်ဒင်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအား နှေးကွေးစေနိုင်သည့်အန္တရာယ်ရှိကြောင်းကို သိမ်းဆည်းထားသည့်ပမာဏက ပြသနေသည်။

ဝီဂါများအား အဓမ္မခိုင်းစေမှုဆိုင်ရာအက်ဥပဒေ စတင်အသက်ဝင်သည့် ဇွန်လ ၂၁ ရက်မှ အောက်တိုဘာ ၂၅ ရက်အတွင်း နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းတင်ပို့မှု ၁ ၀၅၃ ခုကို ထိန်းချုပ်ထားပြီး ပစ္စည်းများကို မထုတ်ပေး သေးကြောင်း Reuters သတင်းဌာနသို့ ပြောသည်။

သိမ်းဆည်းခံရသော ပစ္စည်းများတွင် အဓိကအားဖြင့် တရုတ်ကုမ္ပဏီ ၃ ခုဖြစ်သည့် Longi Green Energy Technology၊ Trina Solar နှင့် JinkoSolar တို့မှ ထုတ်လုပ်သော စွမ်းအင်ပမာဏ ၁ ဂစ်ဂါဝပ်အထိ သိုလှောင်နိုင်သည့် ဆိုလာပြားများနှင့် ပိုလီဆီလီကွန်ဆဲလ်များ ပါဝင်သည်ဟု အဆိုပါကိစ္စနှင့်နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

Longi၊ Trina နှင့် Jinko တို့မှ ပေးပို့သော ပစ္စည်းများသည် အမေရိကန်ဆိုလာပြားတင်သွင်းမှု၏ ၃ ပုံ ၁ ပုံခန့်ရှိသည်။ သို့သော် ထပ်မံပို့မည့် ကုန်စည်များကို အမေရိကန်က သိမ်းဆည်းထားမည်စိုးသဖြင့် ကုမ္ပဏီများက တင်ပို့မှု ရပ်ဆိုင်းထားသည်ဟု စက်မှုသတင်းရင်းမြစ်များက ပြောသည်။

တရုတ်သည် ရှင်ကျန်းတွင် နှိပ်စက်ညှင်းပန်းမှုများကျူးလွန်ခြင်းကို ငြင်းဆန်ခဲ့သလို ထိန်းသိမ်းရေး စခန်းများတည်ရှိမှုကိုလည်း အစောပိုင်းက ဝန်မခံခဲ့ပေ။ သို့သော် ရှင်ကျန်းတွင် အကြမ်းဖက်မှု၊ ခွဲထွက်ရေးဝါဒနှင့် ဘာသာရေးအစွန်းရောက်ဝါဒများကို တားမြစ်ရန်ဟုဆိုကာ အသက်မွေးဝမ်းကျောင်းလေ့ကျင့်ရေးစင်တာများကို တည်ထောင်ခဲ့ကြောင်း နောက်ပိုင်း၌ ပြောဆိုခဲ့သည်။

ဥရောပသမဂ္ဂ (အီးယူ) သည် ရှင်းကျန်းမှ ထုတ်ကုန်များကို ပိတ်ပင်ရန် အဆိုပြုထားသော်လည်း အကောင် အထည်မဖော်ရသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required