ကုလသမဂ္ဂ ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ပြီး နာရီပိုင်းအတွင်း မြောက်ကိုရီးယားက တာတိုဒုံးကျည်များ ပစ်ခတ်

ကုလသမဂ္ဂ ထပ်တိုးဒဏ်ခတ်ပိတ်ဆို့ပြီး နာရီပိုင်းအတွင်း မြောက်ကိုရီးယားက တာတိုဒုံးကျည်များ ပစ်ခတ်

ဆိုးလ်၊ မတ် ၃ ။            ။ မြောက်ကိုရီးယားအပေါ် ထပ်တိုးဒဏ်ခတ်ပိတ်ဆို့မှုများ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ပြီးနာရီပိုင်းအတွင်း မြောက်ကိုရီးယားနိုင်ငံက အရှေ့ဖက် ပင်လယ်ကမ်းခြေတွင် တာတိုပစ်ဒုံးကျည်ထိပ်ဖူးများ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

မြောက်ကိုရီးယားဖက်က ပစ်လွှတ်မှုများကို ဆန်းစစ်ပြီးနောက် တာတိုပစ်ဒုံးကျည်များ ပင်လယ်အတွင်း ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ မွန်ဆန်းဂန်က ပြောသည်။

အရှေ့ပင်လယ်အတွင်း ဒေသစံတော်ချိန် မတ် ၃ ရက် နံနက် ၁၀ နာရီတွင် တာတိုပစ်ဒုံးလက်နက်များကို ပစ်လွှတ်ခြင်းဖြစ်သည်ဟု မွန်းက ပြောသည်။

“တောင်ကိုရီးယားစစ်တပ်အနေနဲ့ စောင့်ကြည့်လျက်ရှိနေပါတယ်။ မြောက်ကိုရီးယားဖက်က နောက်ထပ် လှုပ်ရှားမှုတွေအားလုံးကို မျက်ခြေမပြတ်စောင့်ကြည့်နေရပါတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly