မြောက်ကိုရီးယားအား ဒဏ်ခတ်ပိတ်ဆို့ ကုလလုံခြံုရေးကောင်စီ တိုးမြှင့်ချမှတ်

မြောက်ကိုရီးယားအား ဒဏ်ခတ်ပိတ်ဆို့ ကုလလုံခြံုရေးကောင်စီ တိုးမြှင့်ချမှတ်

ကုလသမဂ္ဂ၊ မတ် ၃ ။              ။ မြောက်ကိုရီးယားအား နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့ထားမှုကို တိုးမြှင့်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တစ်ညီတစ်ညွတ်တည်း အတည်ပြုထောက်ခံခဲ့ကြသည်။

ယခုချမှတ်ချက်သစ်တွင် ဆယ်စုနှစ်နှစ်ခုအတွင်း မြောက်ကိုရီးယားအား ပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများလည်း ပါဝင်ကြောင်း သတင်းထောက်များက ပြောသည်။

ပြီးခဲ့သည့် လက မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုကြောင့် ယခုကဲ့သို့ တိုးမြှင့်ဒဏ်ခတ်ပိတ်ဆို့မှုအား ချမှတ်ခဲ့ကြခြင်းဖြစ်သည်။

ယခုချမှတ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုအရ မြောက်ကိုရီးယားနိုင်ငံသို့ အသွားအလာ ကုန်တင်သင်္ဘောအားလုံးအား စစ်ဆေးမှု ခံယူရမည်ဖြစ်သကဲ့သို့ လူပုဂ္ဂိုလ် ၁၆ ဦးနှင့် အဖွဲ့အစည်း ၁၂ ခုအားလည်း နာမည်ပျက်ဘလက်လစ်စာရင်းသွင်းခဲ့သည်။

“ဒီကနေ့မှာ နိုင်ငံတကာအသိုင်းအဝန်းက တစ်သံတည်း ထွက်ကြတယ်။ မြောက်ကိုရီးယားသို့ ရိုးရှင်းတဲ့ သတင်းစကားပါးခဲ့ကြတယ်။ မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ယခုလိုအန္တရာယ်ကြီးသော စီမံကိန်းများနှင့် နိုင်ငံတွင်းက ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းကို ရွေးချယ်ဖို့အတွက်ပါပဲ။”ဟု အမေရိကန် သမ္မတအိုဘားမားက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့မှုသစ်များ ချမှတ်နိုင်ရေးအတွက် အမေရိကန်နှင့် မြောက်ကိုရီးယား၏ ရေရှည်မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံတို့ကြား သီတင်းပတ် ခုနစ်ပတ်ကြာ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ပြီးနောက် ယခုလို လုံခြုံရေးကောင်စီ၌ အတည်ပြုချမှတ်လိုက်နိုင်ခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly