ကာရာဘောင်ဖလား လက်ရှိချန်ပီယံ လီဗာပူးလ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမယ့် မန်ချက်စတာစီးတီး

ကာရာဘောင်ဖလား လက်ရှိချန်ပီယံ လီဗာပူးလ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရမယ့် မန်ချက်စတာစီးတီး

(၈)ကြိမ် ဆွတ်ခူးထားတဲ့ မန်ချက်စတာစီးတီးဟာ ကာရာဘောင်ဖလား (လိဂ်ဖလား)စတုတ္ထအဆင့်မှာ လီဗာပူးလ်အသင်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ အဆင့်အနိမ့်ဆုံးအသင်းဖြစ်တဲ့ ဂီလင်ဟမ်ဟာ လိုပီတီဂူရဲ့ ပရီးမီးယားလိဂ်ပထမဆုံးကိုင်တွယ်မယ့် ဝုဗ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကတော့ တတိယအကျော့မှာ အက်စတွန်ဗီလာကို ၄-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဗင်းဆင့်ကွန်ပနီရဲ့ ဘန်လေအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။

ပွဲစဉ်တွေကို ဒီဇင်ဘာ ၁၉ ရက်မှ စတင်ကာ တစ်ပတ်အတွင်း ကစားမှာ ဖြစ်ပါတယ်။

နောက်ဆုံး (၈)ရာသီအတွင်း ချန်ပီယံဆု (၆)ကြိမ်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံစီးတီးဟာ ဗုဒ္ဓဟူးနေ့က ချယ်လ်ဆီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး လီဗာပူးလ်အသင်းကလည်း ဒါဘီအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပါတယ်။

အယ်ဒီဟောင်းရဲ့ နယူးကာဆယ်ဟာ သူ့ရဲ့အသင်းဟောင်း ဘုန်းမောက်နဲ့ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဆောက်သမ်တန်နဲ့ဘရိုက်တန်တို့ဟာ ပြိုင်ဘက်လိဂ်ဝမ်း ကလပ်တွေဖြစ်တဲ့ လင်ကွန်း စီးတီး၊ ချာလ်တန်တို့နဲ့ အသီးသီး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်တွေကို Boxing Day မှာ ပြန်လည်မစတင်ခင် ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ရက်ပိုင်းအကြာမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

မဲခွဲမှုရလဒ်

ဝုဖ်နှင့် v ဂီလင်ဟမ်
ဆောက်သမ်တန် v လင်ကွန်းစီးတီး
ဘလက်ဘန်း v နော့တင်ဟမ်ဖော်ရက်စ်
နယူးကာဆယ် v ဘုန်းမောက်
မန်စီးတီး v လီဗာပူးလ်
မန်ယူ v ဘန်လေ
အမ်ကေဒွန်း v လက်စတာ
ချာလ်တန် v ဘရိုက်တန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly