ရွှေဖိနပ်ဆု လက်ခံရရှိပြီးနောက် လီဝန်ဒေါစကီး - အခုဘာလို့ ဘာစီလိုနာက ကလပ်အသင်းတစ်သင်းထက် ပိုတယ်ဆိုတာ သိလာပြီ

ရွှေဖိနပ်ဆု လက်ခံရရှိပြီးနောက် လီဝန်ဒေါစကီး - အခုဘာလို့ ဘာစီလိုနာက ကလပ်အသင်းတစ်သင်းထက် ပိုတယ်ဆိုတာ သိလာပြီ

ရောဘတ် လီဝန်ဒေါစကီးဟာ ဘာစီလိုနာမှာ ကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ သူ့ရဲ့ရွှေဖိနပ်ဆုကို လက်ခံရယူစဉ်မှာ အပြုံးတွေနဲ့ အပြုသဘောဆောင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟောင်းက ဘာစီလိုနာရဲ့ အုပ်စုနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ပြီး လာမယ့်နှစ်မှာ သူတို့ တိုးတက်လာမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

သူ့ရဲ့ဆုဖလားကို ပေးအပ်ပြီးနောက် ပိုလန်လက်ရွေးစင်ကစားသမားဟာ သူ့ရဲ့ ကလပ်အသင်းအသစ်တွင် ဘဝနဲ့ အနာဂတ်အတွက် သူအကောင်းမြင်မှုအကြောင်းကို ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်ပးချိန်မှာတော့ သူ့ရဲ့အသင်းသစ်ဟာ လာလီဂါ ဆန်တန်ဒါရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပေမယ့် ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပါတယ်။

လီဝန်ဒေါစကီးက “နောက်နှစ်မှာ အရမ်းကောင်းလာမယ်ဆိုတာ ကျနော် သေချာပါတယ်။"လို့ ပြောပါတယ်။

“ဘာကြောင့် ဘာစီလိုနာက အသင်းတစ်သင်းထက် ပိုအရေးကြီးတယ်ဆိုတာ အခု ကျနော် သိပါပြီ။

"ကျနော်တို့လမ်းကြောင်းမှန်ပေါ်ရောက်နေပြီ၊ မနေ့ကဖြစ်ပျက်ခဲ့တဲ့ (အိုဆာဆူနာမှာ comeback အနိုင်ရခဲ့တာ] ကောင်းတယ်၊ ဒီပွဲတွေက ကျနော်တို့အနိုင်ရလိုတဲ့ဆန္ဒကို ပြသနေတာပါ"

ဟာလန်းနဲ့ ယှဉ်ပြိုင်ခြင်း

လီဝန်ဒေါစကီးဟာ ဥရောပရဲ့ ထိပ်တန်းခြေစွမ်းပြသူအဖြစ် သူ့ရဲ့သရဖူကို ဆက်ထိန်းထားဖို့ ကြိုးပမ်းမှုမှာ ဟာလန်းရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားက အသင်းသာ ပထမဖြစ်တယ်လို့ အခိုင်အမာဆိုပါတယ်။

“ကျေးဇူးအများကြီးတင်ပါတယ်၊ ကျနော် အရမ်းဂုဏ်ယူပါတယ်၊ ဒီဆုအတွက် ကျနော် အရမ်းကြိုးစားခဲ့ပြီး ဘိုင်ယန်မှာ အသင်းဖော်ဟောင်းတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်”လို့ လီဝန်ဒေါစကီးက ပြောပါတယ်။

“ကျနော့်အတွက် အကောင်းဆုံးအရာက တစ်ဦးချင်းဆုတွေ ဒါမှမဟုတ် ဂိုးတွေထက်ပိုပြီး အသင်းကိုအနိုင်ရဖို့ပါပဲ၊ ဒါပေမယ့် ခက်ခဲပေမယ့် ထပ်ပြီးကြိုးစားသွားမှာပါ။

”ဒီမှာ အံဝင်ဖို့ လွယ်ကူတာကြောင့် အသင်းနဲ့ နည်းပြတွေကို ကျေးဇူးတင်ပါရစေ။ ဒါပေမယ့် အလုပ်တွေ အများကြီး လုပ်ဆောင်သွားရအုံးမှာပါ။

“ရာသီက အရမ်းရှည်တဲ့အတွက် ကျနော် အလုပ်ဆက်လုပ်ရမှာဖြစ်ပြီး ကမ္ဘာ့ဖလားပြီးတဲ့အခါ ခြောက်လလောက် သွားရအုံးမှာပါ။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly