တရုတ်၏ ကျူးကျော်ခြိမ်းခြောက်မှု အန္တရယ်ပိုမိုကြီးမားလာကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

By Taipei Times
09 November 2022
တရုတ်၏ ကျူးကျော်ခြိမ်းခြောက်မှု အန္တရယ်ပိုမိုကြီးမားလာကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံ၏ ဧကရာဇ်ဖြစ်လာပြီးနောက်တွင် တရုတ်၏ ကျူးကျော်မှုကို ကာကွယ်ရန် ထိုင်ဝမ်ကို ပြင်ဆင်ထားရမည်ဟု ထိုင်ဝမ်နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ဝူ၏ ပြောကြားချက်ကို ဝါရှင်တန်ပို့စ်ဆောင်းပါးရှင် ဂျိုးစ်ရိုဂင်က နိုဝင်ဘာ ၄ရက်က ဖော်ပြလိုက်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အကြိမ် ၂၀မြောက် အမျိုးသားညီလာခံတွင် ရှီက အာဏာကို စုစည်းခဲ့ပြီး ညီလာခံတွင် ၎င်း၏ မူဝါဒထုတ်ပြန်ချက်များသည် ကျူးကျော်ခြိမ်းခြောက်မှု အန္တရယ်ပိုများလာသည်ကို ဖော်ပြနေကြောင်း ဝူ၏ ပြောကြားချက်ကို ကိုးကားပြီး ဆောင်းပါးတွင် နိုဝင်ဘာ ၄ရက်က ဖော်ပြခဲ့သည်။

ရှီကျင့်ဖျင်က သဘောထားတင်းမာသူများနှင့် “ဝံပုလွေစစ်သည်” သံတမန်များကို ရာထူးတိုးပေးခဲ့ပြီး တရုတ်က ထိုင်ဝမ်လွတ်လပ်ရေးကို ပြတ်ပြတ်သားသား ဆန့်ကျင်ကာ ထိုင်ဝမ်လွတ်လပ်ရေးကို ထိန်းချုပ်ထားမည်ဖြစ် ကြောင်း ဖော်ပြသည့် CCP ဖွဲ့စည်းပုံကို ပြင်ဆင်ခဲ့ကြောင်း ဝူက ဆိုသည်။

ထိုင်ဝမ်အရေးနှင့် ရင်းနှီးကျွမ်းဝင်သည့် အတွေ့အကြုံရှိ အရာရှိများကို ရာထူးမှ လျှော့ချခဲ့ခြင်းက ရှီက ၎င်း၏ အတွင်းစည်းအဖွဲ့ဝင်များကို နည်းပညာရှင်များအစား အကြံပေးများအဖြစ် ပိုမိုလိုလားကြောင်းဖော်ပြနေသည် ဟု ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်ရှိ အစိုးရလေ့လာသုံးသပ်သူများက အဆိုပါဖြစ်ရပ်များကြောင့် ရှီကို လက်တွေ့ဘဝနှင့် ကင်းကွာသွား စေပြီး အခြားမူဝါဒအမြင်များရှိလာမည်ကို စိုးရိမ်နေကြသလို ရှီမတိုင်မီက အာဏာရှင်ခေါင်းဆောင်များ စွာကဲ့သို့ မဆင်မခြင်ပြုမှုနှင့် အန္တရာယ်ရှိသောလုပ်ရပ်များကို ပိုမိုပြုလုပ်လာစေနိုင်သည်ဟု ဝူက ပြောကြား ခဲ့သည်။

“ရှီကျင့်ဖျင်က ထိုင်ဝမ်မူဝါဒချမှတ်နေတဲ့ ဗျူရိုကရေစီကို မယုံကြည်ကြောင်း ဖော်ပြနိုင်သလို ထိုင်ဝမ်နဲ့ ပတ်သက်ပြီး အကြံပေးတဲ့ အတွင်းစည်းအုပ်စုရှိပုံရပါတယ်” ဟု ဝူ၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

ထိုင်ဝမ်၏ အခြေအနေမှန်နှင့် ရှီကျင့်ဖျင်က အလွန်ဝေးကွာနေပါက၊ ထိုင်ဝမ်မူဝါဒသည် မျှော်လင့်ထား သလောက် လက်တွေ့မကျနိုင်ပေ။

တရုတ်လက်နက်ကိုင်တပ်ဖွဲ့များက ထိုင်ဝမ်ကို ကျူးကျော်နိုင်သည်ဟု ရှီက ယုံကြည်ချက်ရှိသည်နှင့် တပြိုင်နက် စစ်ပွဲ၏ အန္တရာယ်သည် အပြင်းထန်ဆုံးဖြစ်လိမ့်မည်ဟု ထိုင်ဝမ်က ယုံကြည်နေကြောင်း ဝူက ဆိုသည်။

ရှီက ၎င်း၏ တတိယအကြိမ် သမ္မတသက်တမ်းကုန်ဆုံးခါနီးတွင် ထိုင်ဝမ်ကို ကျူးကျော်ဝင်ရောက်ခြင်းဖြင့် သမိုင်းဝင်အမွေအနှစ်ကို ခိုင်မြဲစေရန် ဆန္ဒရှိနေကြောင်း ဝူက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required