စာမေးပွဲမှာ ခိုးချလို့မရအောင် အတွင်းခံဘောင်းဘီပဲ ၀တ်ခွင့်ပေးပြီး ကွင်းပြင်ထဲမှာ ဖြေခိုင်း

စာမေးပွဲမှာ ခိုးချလို့မရအောင် အတွင်းခံဘောင်းဘီပဲ ၀တ်ခွင့်ပေးပြီး ကွင်းပြင်ထဲမှာ ဖြေခိုင်း

အိန္ဒိယနိုင်ငံဟာ နည်းပညာထူးချွန်သူတွေ ထွက်သလောက် စာမေးပွဲမှာ နည်းပညာအသုံးချပြီး စာခိုးချတဲ့ ကျောင်းသားတွေလည်း ပေါပါတယ်။

ကျောင်းသားတွေဟာ မိုက်ကရိုဖုန်းတွေ၊ နားကြပ်တွေ၊ ကင်မရာတွေကို သူတို့ရဲ့ အဝတ်အ စားတွေကြားထဲမှာ ဖွက်ယူလာပြီး စာမေးပွဲခန်းအပြင်က လူတွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားလေ့ရှိသလို နည်းပညာ အကူအညီမပါတဲ့ အခြားနည်းမျိုးစုံနဲ့လည်း ခိုးချဖို့ ကြိုးစားတတ်ကြပါတယ်။

ဒီလိုခိုးချနေတာမျိုးတွေကို အိန္ဒိယ စစ်တပ်ကတော့ လုံးဝလက်ခံဖို့ စိတ်ကူးရှိပုံ မရပါဘူး။ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လုပ်ခဲ့တဲ့ စစ်တပ်ဝင်ခွင့် စာမေးပွဲ တစ်ခုမှာ စစ်တပ်တာဝန်ရှိသူတွေက ဝင်ရောက်ဖြေဆိုသူတွေကို ဘာအကာအကွယ်မှမရှိတဲ့ ကွင်းပြင် ထဲမှာ အတွင်းခံဘောင်းဘီပဲ ဝတ်ခွင့်ပေးပြီး ဖြေဆိုခိုင်းခဲ့ပါတယ်။

ဒါပေမဲ့ ဝင်ခွင့်ဖြေဆိုသူတွေကို အဝတ်အစားတွေချွတ်ကာ ကွင်းပြင်ထဲမှာ ဖြေဆိုခိုင်းတာဟာ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်ဘဲ စီမံအုပ်ချုပ်မှုပိုင်း လစ်ဟင်းမှုတွေအရ ပေါ်ပေါက်ခဲ့တာဖြစ်ကာ နောက်ထပ် ဒီလိုဖြေဆိုခိုင်းတာမျိုး ထပ်မံပေါ်ပေါက်ဖွယ် မရှိဘူးလို့ အိန္ဒိယစစ်တပ်ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တကယ်လို့ အိန္ဒိယစစ်တပ်အနေနဲ့ ဝင်ခွင့်ဖြေဆိုသူတွေကို အခုနည်းလမ်းအတိုင်း စာမေးပွဲ ဆက်စစ်မယ်ဆိုရင်တော့ ကျောင်းသားတွေကို ခိုးမချအောင် အပြည့်အဝ တားဆီးနိုင်ဖွယ် မရှိသေး ပါဘူး။

ဘာကြောင့်လဲဆိုတော့ စာမေးပွဲမှာခိုးချဖို့အတွက် အထူးဖန်တီးထားတဲ့ နည်းပညာပစ္စည်းတွေ ရောင်းတဲ့ အိန္ဒိယဝက်ဘ်ဆိုဒ်တစ်ခုမှာ အတွင်းခံဘောင်းဘီထဲထည့်ပြီး အချက်ပြဆက်သွယ်နိုင်အောင် အထူးပြုပြင်ဖန်တီးထားတဲ့ Bluetooth သုံး ကိရိယာတစ်ခုကို ကြော်ငြာထားတာ တွေ့ရလို့ပါပဲ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly