တိဗက်တွင် တရုတ်ကွန်မြူနစ်ပါတီက လက်ဝါးကြီးအုပ်ထိန်းချုပ်ထားသည့်အတွက် တိဗက်လူမျိုးများ ထိခိုက်နစ်နာနေ

တိဗက်တွင် တရုတ်ကွန်မြူနစ်ပါတီက လက်ဝါးကြီးအုပ်ထိန်းချုပ်ထားသည့်အတွက် တိဗက်လူမျိုးများ ထိခိုက်နစ်နာနေ

တိဗက်ကို တရုတ်ကွန်မြူနစ်ပါတီက "လက်ဝါးကြီးအုပ်မှု" ကို ထိန်းချုပ်နေကြောင်းကို တိဗက်ဒုက္ခသည် တစ် ဦးက ထုတ်ဖော်ပြောကြားခဲ့ပြီး ပါတီ၏ ညွှန်ကြားချက်များနှင့် ပတ်သက်လာလျှင် ပါတီတွင်းရှိ ခေါင်းဆောင် တစ်ဦးသည် စည်းမျဉ်းချိုးဖောက်ရန် ခက်ခဲကြောင်း ပြောကြားခဲ့သည်ဟု မီဒီယာများက ဖော်ပြလိုက်သည်။

အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် “ပုံစံအမျိုးမျိုးဖြင့် အကြမ်းမဖက်ရေး ဖောင်ဒေးရှင်း (FNVA)” ၏ ပေါ့ ကတ်စ်(Podcast) စီးရီးတွင် အမေရိကန်ရှိ တိဗက်ဒုက္ခသည်တစ်ဦးဖြစ်သည့် တန်ဇင် တင်လေးက တရုတ် အစိုးရ၏ ဖွဲ့စည်းပုံသည် လျှို့ဝှက်ပြီး ဒီမိုကရေစီစနစ်နှင့် လုံးဝကွဲပြားကြောင်း ထောက်ပြခဲ့ ကြောင်း အာဏာရှင် တိုက်ဖျက်ရေးအသံက သတင်းဖော်ပြခဲ့သည်။

အမေရိကန်၊ မြောက်ကာရိုလိုင်းနားပြည်နယ် မက်သဒစ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံကျောင်းသားလည်းဖြစ်သည့် တင်လေးက ပေါ့ကတ်စ်တွင် ၎င်း၏ ဘဝအတွေ့အကြုံများကို အသေးစိတ်ရှင်းပြခဲ့သည်။

တိဗက်တွင် ချမှတ်ထားသည့် ဖိနှိပ်ရေးမူဝါဒများအတွက် တရုတ်အစိုးရအား ၎င်းက ဝေဖန်ခဲ့ပြီး တိဗက်တွင် DNA အစုလိုက်အပြုံလိုက် စုဆောင်းမှုနှင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒများအကြောင်း အသေးစိတ် ရှင်းပြခဲ့ သည်။

တိဗက်တွင် လူဦးရေ အချိုးအစား ပြောင်းလဲလာစေရန် တရုတ်၏ သွေးနှောရန်ကြိုးပမ်းမှုသည် ပေါ့ကတ်စ်၏ အဓိက ဖော်ပြချက်တစ်ခုဖြစ်သည်။

တရုတ်အစိုးရ၏ အုပ်ချုပ်မှုနှင့် ဒီမိုကရေစီ၏ အခြေခံသဘောတရားများကို ယှဉ်တွဲပြကာ ဒီမိုကရေစီစနစ်တွင် အစိုးရဖွဲ့စည်းရေးတွင် ပြည်သူများက ပြောရေးဆိုခွင့်ရှိသော်လည်း တရုတ်တွင်မရှိကြောင်း တင်လေးက ပြောကြားခဲ့သည်ဟု အာဏာရှင် တိုက်ဖျက်ရေးအသံက ဖော်ပြခဲ့သည်။

အစိုးရ၊ တရားစီရင်ရေးနှင့် ကွန်ဂရက်ကဲ့သို့သော ဒီမိုကရေစီ၏ အခြေခံမဏ္ဍိုင်အမျိုးမျိုးသည် တရုတ်(PRC) ၏ ဖွဲ့စည်းပုံနှင့် မကိုက်ညီပေ။

တရုတ်တွင် ခေါင်းဆောင်မှုအပြောင်းအလဲကို မျက်မြင်တွေ့နေရသော်လည်း နိုင်ငံအုပ်ချုပ်မှုစနစ်သည် အနည်း နှင့်အများ အတူတူပင်ဖြစ်ကြောင်း ၎င်းက အလေးထားထောက်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required