တရုတ်၏ ထုတ်လုပ်မှုကဏ္ဍမဟုတ်သော ဝယ်ယူမှုမန်နေဂျာအညွှန်းကိန်း အောက်တိုဘာလတွင် ကျဆင်း

တရုတ်၏ ထုတ်လုပ်မှုကဏ္ဍမဟုတ်သော ဝယ်ယူမှုမန်နေဂျာအညွှန်းကိန်း အောက်တိုဘာလတွင် ကျဆင်း

တရုတ်၏ ကုန်ထုတ်လုပ်မှုမဟုတ်သောကဏ္ဍအတွက် ဝယ်ယူမှုမန်နေဂျာအညွှန်းကိန်း (PMI) သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ၅၀ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ရာမှ အောက်တိုဘာလတွင် ၄၈ ဒသမ ၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို (NBS) က အောက်တိုဘာ ၃၁ရက် ပြောကြားခဲ့သည်။

အမှတ် ၅၀ အထက်ရရှိခြင်းသည် တိုးတက်မှုကို ညွှန်ပြပြီး ၅၀ အောက်သည် ကျဆင်းခြင်းကို ထင်ဟပ်စေသည်။

ကိုဗစ်-၁၉ ကူးစက်မှုများပြန်လည်များပြားလာခြင်းကြောင့် ဈေးကွက်လှုပ်ရှားမှု ကျဆင်းသဖြင့် ဝန်ဆောင်မှု ကဏ္ဍသည် အောက်တိုဘာလတွင် အားနည်းသွားပြီး၊ စီးပွားရေးလှုပ်ရှားမှု လက်ခွဲအညွှန်းကိန်းများသည် ၄၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း NBS အကြီးတန်းစာရင်းအင်းပညာရှင် ကျောက်ချင်ဟော်က ပြောကြား ခဲ့သည်။

လက်လီ၊ လေကြောင်း၊ သယ်ယူပို့ဆောင်ရေး၊ ဟိုတယ်လုပ်ငန်းနှင့် စားသောက်ကုန်များကဲ့သို့သော တရုတ် စက်မှုလုပ်ငန်းများသည် အောက်တိုဘာလတွင် ကျဆင်းသွားခဲ့သော်လည်း ဆက်သွယ်ရေး၊ ရေဒီယို၊ ရုပ်မြင် သံကြားနှင့် ဂြိုဟ်တုသွယ်တန်းရေးဝန်ဆောင်မှုများ၊ ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ တိုးတက်လာခဲ့သည်။

ဝန်ဆောင်မှုကဏ္ဍကို တိုင်းတာသည့် လက်ခွဲအညွှန်းကိန်းများသည် စက်တင်ဘာလတွင် ၅၆ ဒသမ ၁ ရာခိုင် နှုန်းရှိရာမှ ၅၆ ဒသမ ၇ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ကြောင်း ကျောက်က မှတ်ချက်ပြုခဲ့သည်။

ဆောက်လုပ်ရေးကဏ္ဍသည် လုပ်ငန်းဆောင်ရွက်မှုများအတွက် လက်ခွဲအညွှန်းကိန်းသည် ၅၈ ဒသမ ၂ ရာခိုင်နှုန်းဖြင့် ယခုလတွင် တိုးတက်လာခဲ့သည်။

ယင်းကဏ္ဍအတွက် စီးပွားရေးမျှော်မှန်းချက် လက်ခွဲအညွှန်းကိန်းသည် မကြာသေးမီက အမြင့်ဆုံး ၆၄ ဒသမ ၂ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းများ အပြုသဘောတိုးတက်လာကြောင်း ဖော်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required