ဆင်းပြည်နယ်တွင် ဘတ်စ်ကားထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရေးအတွက် တရုတ်ကုမ္ပဏီထံမှ အဆိုပြုလွှာ ပါကစ္စတန် တောင်းဆို

ဆင်းပြည်နယ်တွင် ဘတ်စ်ကားထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရေးအတွက် တရုတ်ကုမ္ပဏီထံမှ အဆိုပြုလွှာ ပါကစ္စတန် တောင်းဆို

ပါကစ္စတန်၌ တရုတ်ရင်းနှီးမြှုပ်နှံမှုများတိုးလာချိန်တွင် ဆင်းပြည်နယ်သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆာဂျယ် လ် မီမွန်က ပြည်နယ်တွင် ဘတ်စ်ကားထုတ်လုပ်ရေးစက်ရုံတစ်ခုတည်ထောင်ရေးအတွက် နောက်ဆုံး အဆိုပြု ချက်ကို တင်သွင်းရန် တရုတ်ကုမ္ပဏီအား တောင်းဆိုခဲ့သည်ဟု မီဒီယာများက ဖော်ပြလိုက်သည်။

စက်ရုံစတင်နိုင်ရေးအတွက် မြေယာကြိုတင်လျာထားခြင်းနှင့် အခြားလုပ်ထုံးလုပ်နည်းများဆောင်ရွက်နိုင်ရန် တောင်းဆိုခြင်းဖြစ်ကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၄ရက်က ၎င်း၏ ရုံးခန်းတွင် တရုတ်မှ Yutong နှင့် ယင်း၏ လုပ်ဖော်ကိုင်ဖက် Master Motors Pakistan တို့နှင့် တွေ့ဆုံရာတွင် ဝန်ကြီးက အဆိုပါတောင်းဆိုမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်သည် တရုတ်နှင့် စီးပွားရေးအရ ဆက်ဆံရေးကြောင့် သီရိလင်္ကာကဲ့သို့ ကြွေးမြီထောင်ချောက် အတွင်းသို့ ကျရောက်သွားနိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားချိန်တွင် ယခုကိစ္စသည်လည်း ဖြစ်ပေါ် လျက်ရှိသည်။

တရုတ်နှင့် ဆက်ဆံရေးစိုးရိမ်မှုများကြောင့် ပါကစ္စတန်သည် ဆိုးရွားသည့် စီးပွားရေးအနာဂတ်ကို ရင်ဆိုင်နေရ သည်။

ပါကစ္စတန်၏ အဓိကစိန်ခေါ်မှုဖြစ်သော စီးပွားရေးကျဆင်းနေခြင်းကို ပြန်လည်ကောင်းမွန်ရန် ရန်ပုံငွေများ များစွာ လိုအပ်နေသည်။

ပါကစ္စတန်၏ ကြွေးမြီပြဿနာအတွက် တရုတ်က များစွာတာဝန်ရှိသော်လည်း အစိုးရအဆက်ဆက်က ပါကစ္စ တန်၏ စီးပွားရေးကို လွဲမှားစွာ ကိုင်တွယ်ဖြေရှင်းမှုကြောင့် လက်ရှိ ကမောက်ကမ ဖြစ်ခဲ့ရခြင်းဖြစ်သည်။

ယင်းအစည်းအဝေးက ဆင်းပြည်နယ်တွင် Yutong အများပိုင်သယ်ယူပို့ဆောင်ရေး စက်ရုံတည်ထောင်ခြင်း ဆိုင်ရာ တိုးတက်မှုကိုပြန်လည်သုံးသပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required