ပုဒ်မ ၁၈ ရဲ့ အပြစ်ဒဏ်က ၆ လ၊ စစ်နေတာက တစ်နှစ်ကျော်နေပြီ

ပုဒ်မ ၁၈ ရဲ့ အပြစ်ဒဏ်က ၆ လ၊ စစ်နေတာက တစ်နှစ်ကျော်နေပြီ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်မှာနေတဲ့ ဒေါ်အေးအေးခင် (အမည်လွဲ) ရေးးလိုက်တဲ့ စာတစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ စာရေးခဲ့သူဟာ လက်ပံတန်း ကျောင်းသားသပိတ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတစ်ဦးရဲ့ မိခင်တစ်ဦး ဖြစ်ပြီး သူရေးခဲ့တဲ့ အကြောင်းအရာကလည်း ဒီလက်ပံတန်းသပိတ်မှာ အဖမ်းခံရတဲ့ ကျောင်းသားတွေ နဲ့ ပတ်သက်ပြီး မိခင်တစ်ဦးရဲ့ ခံစားချက်နဲ့ အမြင်ကို ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။

သူဟာ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတဲ့ မိခင်တစ်ဦးဖြစ်ပြီး ခင်ပွန်းဖြစ်သူ ကွယ်လွန် သွားပြီဖြစ်တဲ့အတွက် မုဆိုးမတစ်ဦးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ သားသမီးတွေကို ပညာ တက်ဖြစ်စေချင်လို့ သားကြီးကို တက္ကသိုလ် တက်စေခဲ့သလို သမီးဖြစ်သူကလည်း အခု အခြေခံပညာ အထက်တန်းကို ဖြေဆိုတော့မှာ ဖြစ်ပါတယ်။ သားအကြီးကို လက်ပံတန်းသပိတ်မှာ ဆန္ဒပြမှုနဲ့ သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာဟာ အခုဆိုရင် တစ်နှစ်ရှိပါပြီလို့ ပြောပါ တယ်။ သားဖြစ်သူ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး အစိုးရကို အပြစ်မတင်ချင်သလို သားဖြစ်သူကို လည်း အပြစ်မဆိုချင်ပါဘူး။ အစိုးရက အရေးယူချင်လို့ ဖမ်းဆီးတာဖြစ်သလို သားဖြစ်သူကလည်း သူ့ယုံကြည်ချက်နဲ့ ပါဝင်ခဲ့တာဖြစ်လို့ ဒီလိုအဖြစ်မျိုးနဲ့ ကြုံရတယ်လို့ပဲ သဘောထားမိတယ်လို့ ရေးပါတယ်။

ဒါပေမဲ့ သူ့အနေနဲ့ အရပ်သားအတွေးနဲ့ ဆင်ခြင်မိတာက အပြစ်ရှိတယ်ဆိုပြီး ဖမ်းပြီးရင် တရား ရုံမှာ တရားစွဲ စစ်ဆေးလို့ အမိန့်ချဖို့ကို လုပ်ဖို့ပဲ ရှိပါတယ်။ ကျောင်းသားတွေကို ဖမ်းတဲ့ ပုဒ်မ ၁၈ ကို သူ ဥပဒေစာအုပ်မှာ လေ့လာတော့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ၂၀၁၄ ခုနှစ်က ပြင်ဆင်ခဲ့တဲ့ ဥပဒေမှာ ငြိမ်းစုစီ ပုဒ်မ ၁၈ သည် မည်သူမဆို ခွင့်ပြုမိန်ရ မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း (သို့မဟုတ်) ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုကြောင်း၊ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ၊ ချမှတ်ရမည်လို့ ဖော်ပြထားပါတယ်။ သူနဲ့သိတဲ့ တရားရေးဝန်ထမ်း၊ ဥပဒေဝန်ထမ်းတွေကို မေးကြည့်တော့လည်း ဒီအတိုင်းပဲ ပြောပါတယ်။ ဒါဆိုရင် ပြစ်ဒဏ်က ၆ လကို စစ်နေတာက တစ်နှစ်ကျော်တော့မယ် မပြီးသေးဘူးဆိုတော့ ဒီတရားစီရင်ရေးက ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိသေးဘူးလို့ ပြောပါတယ်။

ပြီးတော့လည်း ပြစ်ဒစ်တွေ ပိုပြီး မများများအောင် ကျောင်းသားခေါင်းဆောင်တွေကို ကျောင်းသားသပိတ် ဖြတ်သန်းတဲ့ မြို့တွေ၊ ရန်ကုန်မြို့အတွင်း ၂၀၁၄-၁၅ အတွင်း ပြုလုပ်ခဲ့တဲ့ ကျောင်းသားသပိတ် လှုပ်ရှားမှုတွေ၊ ထောက်ခံပွဲတွေမှာ ပါတယ်ဆိုပြီး မြို့နယ်အများအပြားမှာ တရားစွဲတော့ သာယာဝတီထောင်ကနေ ရန်ကုန်ကို တစ်ပတ်မှာလေးရက်၊ တစ်ရက်ကို မြို့နယ်တရား ရုံး၊ သုံးရုံးကိုသွားပြီး တရားရင်ဆိုင်နေရတာကလည်း မဖြစ်သင့်ပါဘူးလို့ ဆိုပါတယ်။ ကျောင်းသားဆို တာ လူငယ်ဖြစ်ပြီး သူတို့စိတ်ထဲမှာ နိုင်ငံအတွက် လုပ်သင့်တယ်ထင်လို့ လုပ်ခဲ့ကြတာကို အရေးယူမှ ဖြစ်မယ်ဆိုရင်လည်း ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို မြန်မြန်ဆန်ဆန် ချမှတ်စေချင်ပါတယ်။ အခု တရားစီ ရင်နေတာက ပဒေသရာဇာ်ခေတ်ကလို တရားခံရဲ့ ဆွေစဉ်မျိုးဆက်ကိုပါ ဒုက္ခဖြစ်အောင် လုပ်နေသလို ဖြစ်နေတာကို တာဝန်ရှိသူများ စဉ်းစားဆင်ခြင်စေလိုပါတယ်။ လူငယ်ဆိုတာ နိုင်ငံရဲ့ အနာဂတ်ပါ။ ဒီလူငယ်တွေရဲ့ ရင်ထဲမှာ ရှိနေတဲ့ ယုံကြည်ချက်နဲ့ ခံယူချက်ကို နိုင်ငံအတွက် အကျိုးရှိအောင် အသုံးချ ဖို့ ပြုပြင်ပြောင်းလဲပေးတာပဲ ဖြစ်သင့်ပါတယ်။ သူတို့ဘဝ တစ်သက်လုံး နာကျည်းမုန်းတီးစိတ်နဲ့ နလန် မထူနိုင်အောင် လုပ်ဖို့တော မသင့်ပါဘူးလို့ ပြောချင်လို့ မဇ္ဈိမ စာဖတ်သူကဏ္ဍကတစ်ဆင့် တင်ပြလာ တဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly