ဗြိတိန်တက္ကသိုလ်များရှိ ကွန်ဖြူးရှပ်ကျောင်းများကို ဝန်ကြီးချုပ် ရီရှီဆူးနက် ပိတ်ပစ်ရန် ကြိုးပမ်း

By Tibet Rights Collective
08 November 2022
ဗြိတိန်တက္ကသိုလ်များရှိ ကွန်ဖြူးရှပ်ကျောင်းများကို ဝန်ကြီးချုပ် ရီရှီဆူးနက် ပိတ်ပစ်ရန် ကြိုးပမ်း

လုံခြုံရေးစိုးရိမ်မှုများကြောင့် ဗြိတိန်ဝန်ကြီးချုပ်က နိုင်ငံတစ်ဝန်း တက္ကသိုလ်များရှိ ကွန်ဖြူးရှပ် အင်စတီကျုများကို ပိတ်ပစ်ရန် ကြိုးပမ်းလျက်ရှိကြောင်း အစိုးရဝန်ကြီးတစ်ဦးက ပြောသည်။

“တရုတ်ဟာ ဗြိတိန်နဲ့ ကမ္ဘာ့စီးပွားရေးနဲ့နိုင်ငံတော်လုံခြုံရေးအတွက် အကြီးမားဆုံး ရေရှည် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်” ဟု ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်က ပြောသည်။

ရီရှီဆူးနက်သည် ကမ္ဘာတွင် တရုတ်ကွန်ဖြူးရှပ်အင်စတီကျု အရေအတွက်အများဆုံးရှိသည့် ဗြိတိန်မှ ကျောင်းပေါင်း ၃၀ လုံးကို ပိတ်ပစ်မည်ဖြစ်သည်။

ကမ္ဘာ့ပထမဆုံး အွန်လိုင်းကွန်ဖြူးရှပ်ကျောင်းကို ၂၀၂၂ ခုနှစ် မေလတွင် Open University က စတင် ဖွင့်လှစ်ခဲ့သည်။

ကျောင်း၌ မန်ဒရင်းဘာသာစကားဆိုင်ရာ ဗြိတိန်အစိုးရအသုံးစရိတ်အားလုံးနီးပါးသည် တရုတ်ပါဝါ ပျော့မြှင့်တင်ပေးရာ တက္ကသိုလ်အခြေစိုက် ကွန်ဖြူးရှပ်ကျောင်းများသို့ ရောက်ရှိသည်။

ကွန်ဖြူးရှပ်ကျောင်းများသည် ဗြိတိန်မှ တက္ကသိုလ်များစွာရှိ အရပ်သားလွတ်လပ်ခွင့်များအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း လုံခြုံရေးဝန်ကြီး တွမ်တူဂန်ဒက်က အောက်လွှတ်တော်၌ ပြောသည်။

ကွန်ဖြူးရှပ်ကျောင်းများသည် Alliance Française သို့မဟုတ် Goethe Institute ကဲ့သို့ တရုတ်ယဉ်ကျေးမှုကျောင်းဟန်ဆောင်ထားသော တရုတ်ထရိုဂျန်မြင်း (လျှိုဝင်လာသော ရန့်သူ့လက်ပါးစေအဖျက်အမှောင့်) များဖြစ်သည်ဟုဆိုသည်။ အဆိုပါကျောင်းများသည် အမှန်တကယ်တွင် တရုတ်အစိုးရ၏ ငွေကြေးပံ့ပိုးမှုနှင့် ညွှန်ကြားချက်အရ လုပ်ဆောင်နေသော ဝါဒဖြန့်ယန္တရားဖြစ်သည်။ National Association of Scholars အဖွဲ့က ၂၀၁၇ ခုနှစ် အစီရင်ခံစာ၏ တွေ့ရှိချက်များပေါ် အခြေခံလျက် ကွန်ဖြူးရှပ်ကျောင်းများကို ပိတ်ပစ်ရန် တက္ကသိုလ်အားလုံးကို အကြံပြုခဲ့သည်။

ဗြိတိန်တစ်ဝန်းတွင် တွေ့ရှိရသည့် တရုတ်အစိုးရ၏ တရားလက်လွှတ်လုပ်ဆောင်မှုကို အပေါ် စိုးရိမ်လာကြပြီးနောက် ကွန်ဖြူးရှပ်ကျောင်းများကို ပိတ်ပစ်မည်ဟူသော ကြေညာချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ ပြီးခဲ့သော သီတင်းပတ်က ဂလက်စ်ဂိုးမြို့ရှိ စားသောက်ဆိုင်တစ်ခုသည် တရုတ်ကွန်မြူနစ်ပါတီကိုယ်စား အလုပ်လုပ်သော သူလျှိုရဲများအတွက် စစ်ဆင်ရေးအခြေစိုက်စခန်းအဖြစ် စွပ်စွဲခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly