တရုတ်တွင် ကိုဗစ်ရောဂါတိုက်ဖျက်ရေးစီမံချက်များ ချမှတ်ထားသော်လည်း ရောဂါကူးစက်မှု မြင့်တက်နေ

တရုတ်တွင် ကိုဗစ်ရောဂါတိုက်ဖျက်ရေးစီမံချက်များ ချမှတ်ထားသော်လည်း ရောဂါကူးစက်မှု မြင့်တက်နေ

တရုတ်နိုင်ငံ အချို့ဒေသများတွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒနှင့် တင်းကျပ်သော ကပ်ရောဂါ တိုက်ဖျက်ရေး အစီအမံများချမှတ်ထားသော်လည်း သီတင်းပတ်ကုန်က တရုတ်ပြည်မကြီးတွင် ကိုဗစ်အတည်ပြုလူနာ ၅၂၆ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၃ ၈၉၄ ဦးတွေ့ရှိကြောင်း နိုဝင်ဘာ ၆ ရက်က နိုင်ငံကျန်းမာရေးကော်မရှင်က ထုတ်ပြန်သည့်အချက်အလက်များကို ကိုးကား၍ Global Times ကဖော်ပြခဲ့သည်။’ ဒေသခံများသည် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါကြောင့် အဆိုးရွားဆုံးအခြေအနေကို ရင်ဆိုင်နေရသလို နိုင်ငံအလယ်ပိုင်း ဟဲနန်ပြည်နယ် ကျန်ကျိုးမြို့ကဲ့သို့သော တချို့နေရာများတွင် လတ်တလော ရောဂါဖြစ်ပွားမှုကြောင့် ရောဂါပိုးအား ထိန်းချုပ် ကိုင်တွယ်ဖြေရှင်းရေးနှင့် လူနေမှုဘဝအပေါ် သက်ရောက်မှု လျော့ကျစေရေး အတွက် ပို၍ နည်းလမ်းကျသော စီမံချက်များလုပ်ဆောင်ရန် တရုတ်ပညာရှင်များကို တွန်းအားဖြစ်စေခဲ့သည်။

တရုတ်သည် ကြီးကြီးမားမား ရောဂါဖြစ်ပွားမှုကို တားဆီးရန် ဆက်လက်ကြိုးပမ်းအားထုတ်မည်မှာ သိသာထင်ရှားလှသည်။

တရုတ်တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ ဟိုင်ဇူးခရိုင်နှင့် ကွမ်ကျိုးမြို့တို့မှ ဒေသခံများအား နိုဝင်ဘာ ၅ ရက်မှ စ၍ ၃ ရက်တိုင် မလိုအပ်ပါ အပြင်မထွက်ကြရန် ညွှန်ကြားထားပြီး ၃ နှစ်အတွင်း အရှုပ်ထွေးဆုံးနှင့် အဆိုးရွားဆုံးရောဂါဖြစ်ပွားမှုကို ရင်ဆိုင်နေရသည်။

ကွမ်ကျိုးမြို့တွင် နိုဝင်ဘာ ၅ ရက်က ကိုဗစ်အတည်ပြုလူနာ ၁ ၃၂၅ ဦးရှိရာတွင် ဟိုင်ဇူးခရိုင်မှ ၁ ၂၅၃ ဦးပါဝင်ကြောင်း ကွမ်ကျိုးမြူနီစီပယ်မှ ကျန်းကျိုးဘင်က နိုဝင်ဘာ ၆ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

တရုတ်၏ တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအရ ဗိုင်းရပ်စ်ဖြစ်ပွားမှုမှန်သမျှကို လျင်မြန်စွာတိုက်ဖျက်ရန် မြို့တာဝန်ရှိသူများအား အခွင့်အာဏာပေးထားသည်။ သတ်မှတ်ချက်များတွင် အပြည့်အဝအသွားအလာပိတ်ဆို့ခြင်းမှ ရောဂါစမ်းသပ်မှု ပုံမှန်ပြုလုပ်ခြင်းနှင့် ခရီးသွားလာမှု ကန့်သတ်ချက်များအထိ ပါဝင်သည်။ သမ္မတရှီက ယခုနှစ်မကုန်မီ တင်းကျပ်သော အစီအမံများ ဖြေလျော့လိမ့်မည်ဟု အများက မျှော်လင့်ထားကြသော်လည်း ရှီက မကြာသေးမီအချိန်အတွင်း ဖြစ်နိုင်ဖွယ်မရှိကြောင်း အကြိမ် ၂၀ မြောက် ကွန်မြူနစ်ပါတီ ညီလာခံတွင် ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required