အာဖဂန်နစ္စတန်တွင် ဘာသာရေးကျမ်းစာသင်ကျောင်းများ တည်ဆောက်ပေးမည်ဟု တူရကီ အဖွဲ့အစည်း ကတိပြု

အာဖဂန်နစ္စတန်တွင် ဘာသာရေးကျမ်းစာသင်ကျောင်းများ တည်ဆောက်ပေးမည်ဟု တူရကီ အဖွဲ့အစည်း ကတိပြု

အာဖဂန်နစ္စတန်နိုင်ငံတွင် ဘာသာရေး ကျမ်းစာသင်ကျောင်း ၅ ခု တည်ဆောက်ပေးမည်ဖြစ်ကြောင်း တူရကီ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Aid & International Development Forum (AIDF) က အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖော်ကတိပြုလိုက်သည်။

တာလီဘန် ပညာရေးဝန်ကြီးဌာနက AIDF ၏ အစီအစဉ်ကို အရေးပါသည့် လုပ်ဆောင်ချက်တစ်ခုအဖြစ် ကြိုဆိုခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော်ဆောင်မှုနှင့်ပတ်သက်ပြီး လိုအပ်သည့် အထောက်အပံ့အားလုံး ပေးသွားမည် ဖြစ်ကြောင်း တာလီဘန်ဝန်ကြီးဌာနက ထုတ်ဖော်ခဲ့သည်ဟု Khaama Press မီဒီယာက ဖော်ပြသည်။

တူရကီအဖွဲ့အစည်းအနေဖြင့် နားလည်မှုစာချွန်လွှာ (MoU) နှင့်အညီ အာဖဂန်နစ္စတန်ရှိ ပြည်နယ် ၅ ခု၌ ဘာသာရေးစာသင်ကျောင်း ၅ ခု တည်ဆောက်သွားမည် ဖြစ်သည်။

အဆိုပါ တူရကီအဖွဲ့အစည်း၏ အကြီးအကဲဖြစ်သည့် ရှိတ် မိုဟာမက် တိုရန်သည် အာဖဂန်၏ မြို့တော် ကဘူးလ်၌ နားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြောင်း တာလီဘန် ပညာရေးဝန်ကြီး ဟာဘီဘူလာ အက်ဂ်ဟာက ပြောသည်ဟု Khaama Press မီဒီယာက ဖော်ပြသည်။

အာဖဂန်၏ ပြည်နယ် ၅ ခု၌ ကျမ်းစာသင်ကျောင်းများကို ၁ ကျောင်းအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၅၀၀၀ ဖြင့် တည်ဆောက်မည် ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required