ကုလသမဂ္ဂက အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ရာတွင် သက်ဆိုင်သူများအားလုံးက ပါဝင်ထောက်ခံသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောကြား

ကုလသမဂ္ဂက အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ရာတွင် သက်ဆိုင်သူများအားလုံးက ပါဝင်ထောက်ခံသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောကြား

အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ရာတွင် သက်ဆိုင်သူအားလုံးကို ပါဝင်ထောက်ခံပြီး မည်သည့်နိုင်ငံမှ ပိတ်ဆို့ဟန့်တားခြင်း မပြုလုပ်သင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အောက်တိုဘာ ၂၈ ရက်တွင် တရုတ်နိုင်ငံအား ပွင့်လင်းစွာ ရည်ညွှန်းပြောဆိုခဲ့သည်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်တွင် ပါကစ္စတန်အခြေစိုက် အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့သည့် မွမ်ဘိုင်းမြို့ရှိ အထင်ကရ ၅နေရာတွင် တစ်ခုအပါအဝင်ဖြစ်သည့် တက်ချ်မဟာဟိုတယ်၌ ပြုလုပ်ခဲ့သော အကြမ်းဖက်နှိမ်နှင်းရေး ကော်မတီ၏ အလွတ်သဘောအစည်းအဝေးသို့ အွန်လိုင်းမှ ပေးပို့သည့် ဗီဒီယို မိန့်ခွန်းတွင် ဘလင်ကင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်အခြေစိုက် အကြမ်းသမားအများအပြားအား စာရင်းသတ်မှတ်ရေးအတွက် လုပ်ဆောင်ချက်များစွာကို တရုတ်အစိုးရက ပြီးခဲ့သည့်လများအတွင်းက တားမြစ်ဟန့်တားခဲ့သည်။

အောက်တိုဘာလအတွင်းကလည်း Lashkar-e-Taiba (LeT) အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဟာဇစ်ဆာအိဒ်၏ သားဖြစ်သူ တယ်လ်ဟာဆာအိဒ်အား အကြမ်းဖက်သမားစာရင်းသွင်းရေး အဆိုကို တရုတ်အစိုးရက လက်မခံခဲ့ပေ။

ပိတ်ဆို့အရေးယူရေးဆိုင်ရာ သတ်မှတ်ချက်အပိုဒ် ၁၂၆၇ အရ ယင်းအဆိုပါအား အိန္ဒိယက တင်သွင်းပြီး အမေရိကန်ကလည်း ထောက်ခံခဲ့သည်။

အမေရိကန်အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ အများပြားကလည်း အဆိုပါ တိုက်ခိုက်မှုများ နောက်ကွယ်ရှိ အကြမ်းဖက်သမားများကို ပိတ်ဆို့အရေးယူမှုအသီးသီးချမှတ်ထားပြီး ဖြစ်ကြောင်းလည်း ဘလင်ကန်၏ မိန့်ခွန်းတွင် ထည့်သွင်းဖော်ပြထားသည်။

“ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ပိုမိုထိရောက်လာနိုင်ပါတယ်။ဒါကြောင့် အကြမ်းဖက်သမားတွေ အဖြစ် စာရင်းသွင်းဖို့ ကုလသမဂ္ဂကော်မတီရဲ့ လုပ်ဆောင်ခွင့် အပိုဒ် ၁၂၆၇ အရ အိန္ဒိယရဲ့ ဆောင်ရွက်ချက်ကို ပူးပေါင်းထောက်ခံတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးက ပါဝင်ပြီး ဘယ်နိုင်ငံကမှ တားမြစ်ပိတ်ဆို့တာ မလုပ်သင့်ပါဘူး” ဟု လည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required