တရုတ်က ချေးငွေများ ရပ်ဆိုင်းလိုက်ချိန်တွင် အာဖရိကနိုင်ငံများ အကြွေးထောင်ချောက်အတွင်း နစ်မြုပ်နေ

တရုတ်က ချေးငွေများ ရပ်ဆိုင်းလိုက်ချိန်တွင် အာဖရိကနိုင်ငံများ အကြွေးထောင်ချောက်အတွင်း နစ်မြုပ်နေ

တရုတ်အစိုးရက ငွေထုတ်ချေးရန် တုန့်ဆိုင်းနေချိန်တွင် အာဖရိကနိုင်ငံများအနေဖြင့် အကြွေး ထောင်ချောက်အတွင်း ပိတ်မိနေသည်ဟု နားလည်ခံစားလာရသလို ယခုလုပ်ရပ်သည် စိုးရိမ်စိတ်ပျက်စရာ လုပ်ရပ်ဖြစ်ကြောင်း သံတမန်ရေးရာ လေ့လာသုံးသူများက ပြောကြားသည်ဟု Inside Over မဂ္ဂဇင်းတွင် ဖီဒါရီကို ဂူလာနီက ရေးသားထားသည်။

တရုတ်က ချေးငွေများ ရပ်ဆိုင်းလိုက်ခြင်းသည် ဒေသ၏ ဖွံ့ဖြိုးမှုကို လျော့ကျသွားစေနိုင်သလို အခြားမြီရှင်များကလည်း ကြိုက်နှစ်သက်မည်မဟုတ်ကြောင်းလည်း Renaissance Capital Ltd ၏ ကမ္ဘာ့စီးပွားရေးပညာရှင် ချားလ်စ်ရော်ဘတ်ဆန်က ပြောကြားသည်။

ဆာဟာရ အာဖရိက ဝန်းကျင်ဒေသ (SSA) ၏ စီးပွားရေး တိုးတက်မှုသည် ၃ ဒသမ၆ ရာခိုင်နှုန်းရှိမည်ဟု ကမ္ဘာ့ဘဏ်က ဧပြီလတွင် ကနဦးခန့်မှန်းခဲ့သော်လည်း ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှေးကွေးခြင်းနှင့် လက်ရှိဖြစ်ပွားနေသည့် ရုရှားနှင့် ယူကရိန်း စစ်ပွဲကြောင့် ၂၀၂၂ ခုနှစ်တွင် ၃ ဒသမ၃ ရာခိုင်နှုန်းသာရှိခဲ့သဖြင့် တရုတ်က ယခုကဲ့သို့ ချေးငွေများ ရပ်ဆိုင်းလိုက်ခြင်းသည် အာဖရိကဒေသ၏ တိုးတက်မှုနှုန်းကို ပိုမိုဆိုးရွားလာစေနိုင်သည်။

တရုတ်က ချေးငွေစတင်ထုတ်ပေးချိန်ကာလများက အာဖရိကသည် ကြွေးမြီ ဝန်ထုပ်ဝန်ပိုးဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုအခါ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းအထိ ရှိလာကြောင်း ရော်ဘတ်ဆန်၏ ပြောကြားမှုကို ဖီဒါရီကို ဂူလာနီက မဂ္ဂဇင်းတွင် ရေးသား ဖော်ပြထားသည်။

ဂျာမနီ အာမခံလုပ်ငန်း Allianz နှင့် ၎င်း၏ ကြွေးမြီအာမခံဆိုင်ရာ လုပ်ငန်းခွဲ Euler Hermes တို့က အခြေအနေမဟန်သည့် အကြောင်းများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည်။ လာမည့် ဆယ်စုနှစ်များတွင် တရုတ်အနေဖြင့် အာဖရိကဒေသအား အလားတူချေးငွေများ

ထုတ်ပေးနိုင်တော့မည်မဟုတ်သလို အတိတ်ကာလကဲ့သို့ ရင်းနှီးမြုပ်နှံမှုများနှင့် ကုန်သွယ်မှုတို့ကိုလည်း လုပ်နိုင်တော့မည်မဟုတ်ပေ။

တရုတ်နိုင်ငံသည် လိုအပ်သည့်ပစ္စည်းများ တင်သွင်းနိုင်ရန်နှင့် ပို့ကုန်ကဏ္ဍကို မြှင့်တင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှု အများအပြားကို လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ကမ္ဘာပေါ်တွင် ကုန်ကြမ်းပစ္စည်းစုစုပေါင်း၏ ထက်ဝက်ခန့်ကို ဝယ်ယူသည့်နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly