စတင်ပျံ့နှ့ံလာနေတဲ့ တိုင်းပြည်နဲ့လူထု အကျိုးပြု စိတ်ဓါတ်

စတင်ပျံ့နှ့ံလာနေတဲ့ တိုင်းပြည်နဲ့လူထု အကျိုးပြု စိတ်ဓါတ်

ဒီကနေ့ လွှတ်တော်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်များ လစာ သို့မဟုတ် ချီးမြှင့်ငွေ အသီးသီး ထုတ်ယူရရှိတဲ့သတင်းတွေ ကြားကြရပါတယ်။

သက်တမ်းအားဖြင့် ငါးနှစ်ကျော် ရှိလာပြီဖြစ်တဲ့ လွှတ်တော်တစ်ခုရဲ့ လွှတ်တော်ကိုယ်စားလှယ် များ လစာထုတ်ယူရရှိကြတဲ့သတင်းဟာ တကယ်တော့ ဘာမျှ မဆန်းပင် မဆန်းသော်ငြားလည်း ဒီတ ခါ လစားထုတ်ယူကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့ရဲ့ ဖွင့်ဟပြောဆိုချက်တွေကတော့ ဆန်းသစ် နေတာ တွေ့ရပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက သူ့ရဲ့ အင်တာနက် လူမှုကွန်ရက် စာမျက် နှာမှာ သူရရှိတဲ့ ချီးမြှင့်လစာငွေထဲက မိမိပါတီရံပုံငွေအတွက်၊ ပြီးတော့ မြို့နယ် ရုံးအတွက်၊ ပြီးတော့ လူမှုကူညီရေး လုပ်ငန်းများအတွက် အလှူငွေ ထည့်ဝင်မယ့် ငွေအရေအတွက်ကို ရေးတင်ပါတယ်။ ကျန်တဲ့ငွေကို လွှတ်တော်တက်ဖို့ စားရိတ်ဆိုပြီး ရေးပါတယ်။ ဒီအထိ ဘာမှမထူးခြားပေမယ့် သူ့ဖေါ်ပြ ဘချက်နိဂုံးကြတော့ ပြည်သူကပေးတဲ့ ပိုက်ဆံနဲ့ ပြည်သူအတွက် အကျိုးရှိအောင် သုံးပါ့မယ်၊ ပြည်သူ ကို ကိုယ်စားမပြုရင် ပြည်သူ့ဆီကငွေကို မယူရဲပါဘူး၊ မမှန်တာသုံးမိရင် သံရေပူကဲ့သို့ လောင်မြိုက်မှု များ ခံစားရပါစေ၊ ပြည်သူ့အကျိုး သည်ပိုးသည်မှန်သော် စိတ်ချမ်းသာမှုများသာ တွေ့ကြုံခံစားရပါစေ ဆိုတဲ့စာနဲ့ နိဂုံးချုပ်ထားတဲ့ အချက်ကတော့ ထူးဆန်းနေတာ တွေ့ကြရပါတယ်။

မိမိတို့တိုင်းပြည်မှာ တိုင်းပြည်တာဝန်ရှိသူများအနေနဲ့ အခုလို တိုင်းပြည်နဲ့ လူထုအကျိုး စိတ်အားထက်သန်စွာ လူသိထင်ရှား သည်ပိုးချင်စိတ်ရှိသူများ၊ သည်လိုသည်ပိုးရမှာကို ဂုဏ်ယူလို သည့်သူများ ပျောက်ကွယ်ခဲ့ရ မကြားကြရသည်မှာ ကြာခဲ့ပြီဖြစ်ပါတယ်။ ဘယ်တာဝန်ရှိသူကမှ အခုလို ဖွင့်ဟ တိုင်တည်ခြင်းမျိုး မကြားကြရဖူးပါ။ တခါတရံ သည်လိုအပြောအဆိုများ ကြားရလျင်လည်း လိမ်ညာပြောဆိုနေခြင်းသာဖြစ်သည်ကို ပြည်သူတို့က အမှန်အတိုင်း သိနေကြသည်မို့ ပျက်ရယ်ပြုစ ရာသာ ဖြစ်ခဲ့ပါတယ်။ အခုတော့ ပြည်သူကို အလေးအနက်ထား အလုပ်အကျွေးပြုဖို့ လေးနက်တည် ကြည်စွာ တိုင်တည်ပြောဆိုသူများ ပေါ်ပေါက်လာကြပြီဖြစ်ပါတယ်။ ပြည်သူတွေကလည်း အလေးအ နက်ထား ကြိုဆိုလက်ခံကြ အားပေးချီးမြှောက်နေကြမည်လို့လည်း ယူဆမိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ခေတ်လွန်အချိန်ကစပြီး လက်ရှိအချိန်အထိ တိုင်းပြည်အပေါ် လူထုအ ပေါ် အခုလို စေတနာထား လူသိထင်ရှား ဖွင့်ဟတိုင်တည်စွမ်းသည့် တိုင်းပြည်တာဝန်ရှိသူများ ကွယ်ပျောက်နေခဲ့ရာက အခုတော့ ကံအားလျော်စွာ မင်္ဂလာအသံများကို မိမိတို့ ပြန်လည် ကြားလာ ရတဲ့သဘောလည်း ဖြစ်ပါတယ်။

ဒါက ဘာကိုပြသလဲဆိုတော့ သည်လိုအယူအဆ သည်လိုစိတ်ဓါတ် သည်လို နိုင်ငံရေးယဉ် ကျေးမှုသစ်တစ်ခုရဲ့ သည်လို သဘောထားဆိုတာ အပေါ်က ဆင်းသက်လာတဲ့သဘောဖြစ်တယ်လို့ ညွှန်းဆိုလို့ ရမယ်ထင်ပါတယ်။ တိုင်းပြည်ရဲ့ တာဝန်အရှိဆုံး ထိပ်ဆုံးက ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းတစ်ခု ရဲ့ ထိပ်ဆုံးကပုဂ္ဂိုလ်များကိုယ်၌က တိုင်းပြည်နဲ့လူထုကြီးအတွက် အနစ်နာခံပြီး အလုပ်အကျွေးပြု လိုစိတ်ရှိမှသာလျင် အောက်ခြေအဆင့်ဆင့်မှာ သည်လိုစိတ်ထား သည်လိုယဉ်ကျေးမှုမျိုး ကူးစက် ပျံ့ပွားနိုင်ခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖွင့်ဟရေးသားဖူးတဲ့ စာတစ်ကြောင်းရှိပါတယ်။ ငါက တိုင်းပြည်ကောင်းအောင် ဆောင်ရွက်နိုင်သူဖြစ်ပါက ငါ့ဆောင်ရွက် ချက်များ အောင်မြင်ပါစေ၊ အကယ်၍ သူတို့က တိုင်းပြည်ကောင်းအောင် ဆောင်ရွက်နိုင်သူများဖြစ်ပါ ကလည်း သူတို့ဆောင်ရွက်ချက်များ ပိုပြီးအောင်မြင်ပါစေဟူသော အဓိပ္ပါယ်သက်ရောက်သည့် စာကြောင်းတစ်ကြောင်းကို သွားပြီး သတိရစေပါတယ်။ သည်လို စိတ်ထား သည်လိုအတွေးအခေါ် များက အခုဆိုရင် လွှတ်တော်ကြီးထဲ ဝင်ရောက်လာနေတဲ့သဘောလည်း ဖြစ်ပါတယ်။

မကြာခင် ရက်ပိုင်းအတွင်း အစိုးရသစ်တစ်ခုပေါ်ပေါက်လာပါတော့မယ်။ တိုင်းပြည်အကျိုး လူထုအကျိုး ကိုယ်ကျိုးစွန့် အလုပ်လုပ်ရခြင်းကို ဂုဏ်ယူလိုသည့်စိတ်ထားများ လွှတ်တော်များအတွင်း စတင်ဖြစ်ပေါ်နေသလိုပဲ မကြာခင်ပေါ်ပေါက်လာတော့မယ့် အစိုးရသစ်အနေနဲ့လည်း တိုင်းပြည်နဲ့ လူထုကြီးအကျိုး အနစ်နာခံ ကိုယ်ကျိုးမဖက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်တဲ့ အစိုးရအဖွဲ့ဖြစ် ပါစေ ကြောင်း မဇ္ဈိမက တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly