ရှင်ကျန်းအာဏာပိုင်များက ကိုဗစ်ပိတ်ဆို့ကန့်သတ်မှုအတွင်း သေဆုံးသွားသော ဝီဂါရုပ်အလောင်းများ ကောက်ယူ

ရှင်ကျန်းအာဏာပိုင်များက ကိုဗစ်ပိတ်ဆို့ကန့်သတ်မှုအတွင်း သေဆုံးသွားသော ဝီဂါရုပ်အလောင်းများ ကောက်ယူ

တရုတ်ရှိ ရှင်ကျန်းအာဏာပိုင်များသည် တင်းကျပ်သော ကိုရိုနာဗိုင်းရပ်ပိတ်ဆို့ကန့်သတ်မှုအတွင်း သေဆုံးခဲ့ သည့် အရှေ့မြောက်ပိုင်း ဂူလ်ကျားတွင် သေဆုံးခဲ့သည့် ဝီဂါဒေသခံများ၏ ရုပ်အလောင်းများကို ကောက်ယူခဲ့ သော်လည်း သေဆုံးသူများ၏ မိသားစုများအား အကြောင်းကြားခြင်းမရှိသလို အစ္စလာမ်ထုံးတမ်း များအတိုင်း ရုပ်အလောင်းများကို သင်္ဂြိုဟ်ခြင်းရှိ၊ မရှိ အသိပေးခြင်း မရှိကြောင်း ဒေသခံတာဝန်ရှိသူများနှင့် ယင်းကိစ္စနှင့် နီးစပ်သူများက ပြောကြားလိုက်သည်။

တရုတ်ဘာသာဖြင့် ယိနန်းဟု သိကြသော ဂူလ်ကျားတွင် သြဂုတ်လအစောပိုင်းကတည်းက ကိုဗစ်-၁၉ ကူးစက် မှုများလာခြင်းကြောင့် ကန့်သတ်ပိတ်ဆို့ထားပြီး၊ ဝီဂါလူမျိုး ၅သိန်းခန့်နှင့် အခြားတူရကီမွတ်စလင်များ နေထိုင် သော မြို့တွင် အချို့သောရောဂါကူးစက်သူများသည် ငတ်မွတ်ခေါင်းပါးမှု သို့မဟုတ် ဆေးဝါး လက်လှမ်းမမီမှု ကြောင့် သေဆုံးခဲ့ရကြောင်း RFA က အစောပိုင်းက သတင်းဖော်ပြခဲ့သည်။

ဂူလ်ကျားတွင် ကန့်သတ်ပိတ်ဆို့မှုအတွင်း လူပေါင်း ၉၀ ခန့် သေဆုံးခဲ့ရကြောင်း မြို့၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ရောဂါဆိုင်ရာလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

အာဏာပိုင်များသည် စက်တင်ဘာလနှောင်းပိုင်းတွင် ယင်းဒေသတွင် တင်းကျပ်သော ကိုရိုနာဗိုင်းရပ် ပိတ်ဆို့ ကန့်သတ်မှုကို ရုပ်သိမ်းပေးခဲ့သော်လည်း ရှင်ကျန်း၏ တတိယအကြီးဆုံးမြို့မှ ဝီဂါများက ဝီဂါဘာသာစကား ဖြင့်အရေးပေါ်ဝန်ဆောင်မှုများ နည်းပါးခြင်းကြောင့် သေဆုံးသူအရေအတွက်များလာရခြင်းဖြစ်ကြောင်း RFA သတင်းတွင် အစောပိုင်းက ဖော်ပြထားသည်။

ဝီဂါ ဓလေ့ထုံးတမ်းနှင့် ဘာသာရေး ထုံးတမ်းများနှင့်အညီ သေဆုံးသူ၏ ရုပ်အလောင်းများမြှုပ်နှံရန် မိသားစု များကို ခွင့်ပြုမထားသော်လည်း တရုတ်အာဏာပိုင်များက ရုပ်အလောင်းများကောက်ယူရန် အထူးဝန်ထမ်း များကို စီစဉ်ပေးထားကြောင်း ယင်းကိစ္စနှင့် နီးစပ်သူများက ပြောကြားခဲ့သည်။

မြေမြှုပ်ခြင်းမပြုမီ ၎င်းတို့၏ ရုပ်အလောင်းကို သေဆုံးသူ၏ ဆွေမျိုးများအား ဆေးကြောရန် အာဏာပိုင်များက ခွင့်မပြုပေ။

“ကျွန်တော်တို့ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကထဲက တစ်စုံတစ်ယောက်သေဆုံးသွားတိုင်း အလောင်းကို ဆေးကြောပြီး သင်္ဂြိုဟ်တာဟာ ဝီဂါလူမျိုးတွေရဲ့ ထုံးစံပါပဲ” ဟု ကမ္ဘာ့ဝီဂါအဖွဲ့၏ အမှုဆောင် ကော်မတီ ဒုတိယဥက္ကဋ္ဌ အေလာဝူဒန်က ပြောကြားခဲ့သည်။

မိသားစုဝင်များက ယင်းကဲ့သို့ မဆောင်ရွက်နိုင်သည့်အတွက် ဝမ်းနည်းပူဆွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required