တရုတ်နှင့် တင်းမာနေချိန်တွင် သြစတြေးလျက ရိုင်ဖယ်သေနတ်များကို ဆော်လမွန်ကျွန်းစုသို့ ပေးအပ်

တရုတ်နှင့် တင်းမာနေချိန်တွင် သြစတြေးလျက ရိုင်ဖယ်သေနတ်များကို ဆော်လမွန်ကျွန်းစုသို့ ပေးအပ်

သြစတြေးလျက ဒေသတွင်းပြိုင်ဘက် တရုတ်နှင့် သြဇာလွှမ်းမိုးရေးပြိုင်ဆိုင်နေသည့် ဆော်လမွန်ကျွန်းစုများသို့ ဒါဇင်နှင့်ချီသော မောင်းပြန်ရိုင်ဖယ်သေနတ်များပေးအပ်ခဲ့ကြောင်း နိုဝင်ဘာ ၂ရက်တွင် ကြေညာလိုက်သည်။

Daniels Defence MK18 ရိုင်ဖယ် အလက် ၆၀နှင့် ရဲကား ၁၃ စီး လွှဲပြောင်းပေးအပ်မှုသည် လက်ရှိလုပ်ဆောင် နေသော လက်နက်ပြန်လည်တပ်ဆင်ရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ယင်းက ဆော်လမွန်ကျွန်းစု အား ရာဇဝတ်မှုဆိုင်ရာ ခြိမ်းခြောက်မှုများကို တန်ပြန်ရန်နှင့် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် အကူအညီ ပေးမည် ဖြစ်ကြောင်း သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ပေးအပ်ပွဲအခမ်းအနားသို့ ဆော်လမွန်ကျွန်းစုဝန်ကြီးချုပ် ဆိုဂါဗာရီနှင့် သြစတြေးလျကော်မရှင်နာ လက်လန်စတက်ဟန်တို့ တက်ရောက်ခဲ့ကြပြီး ယင်းပေးအပ်မှုသည် နှစ်နိုင်ငံကြားရှိ ကာလကြာရှည်ရှိခဲ့သည့် လုံခြုံရေးနှင့် ရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှုတွင် နောက်ထပ်အထိမ်းအမှတ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ သည်။

"ကျွန်တော်တို့ အချင်းချင်း အေးအတူပူအမျှ လက်တွဲလာခဲ့ကြတာပါ။ ဝန်ကြီးချုပ် ဆိုဂါဗာရီက ပြောခဲ့သလိုပဲ ဒေသငြိမ်းချမ်းသာယာဝတည်ငြိမ်ဖို့အတွက် ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးပါတယ်" ဟု လက်လန်စတက်ဟန်က ပြောကြားခဲ့သည်။

"ဩစတြေးလျနဲ့ ဆော်လမွန်ကျွန်းစုရဲ့ လုံခြုံရေးအတွက် ဘက်စုံပူးပေါင်းဆောင်ရွက်ထားပြီး ရဲတပ်ဖွဲ့ဝင်တွေ သာမက ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေး၊ တရားမျှတမှုနဲ့ အစဉ်အလာမဟုတ်တဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက် မှုတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပါတယ်။ သြစတြေးလျရဲ့ ပံ့ပိုးကူညီမှုက လျင်မြန်ပြတ်သားပါ တယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

အဓိကကျွန်း၆ ကျွန်းနှင့် သမုဒ္ဒရာအတွင်းရှိ ကျွန်းငယ်ပေါင်း ၉၀ဝ ကျော် ပါဝင်သော ဆော်လမွန်ကျွန်းစုသည် နိုင်ငံခြားအကူအညီအပေါ် များစွာ မှီခိုနေရသည်။

၂၀၂၁ခုနှစ်တွင် ဆော်လမွန်းကျွန်းစုက တရုတ်နှင့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ချုပ်ဆိုခဲ့ခြင်း ကြောင့် ဩစတြေးလျက တရုတ်၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်ရန် လုပ်ဆောင်လာခဲ့သည်။

၂၀၂၁ခုနှစ်တွင် ဆော်လမွန်ကျွန်းစုတွင် ဩစတြေးလျနှင့် နယူးဇီလန်မှ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့များကို ချထားစေခဲ့သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ ယင်းတပ်ဖွဲ့များသည် ၂၀၂၃ခုနှစ် အကုန်အထိ ဆော်လမွန်တွင် တပ်စွဲထားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required