ဇနီးနှင့် ကလေးအပျင်းကြီးမသွားစေရန် တရုတ်အမျိုးသားတစ်ဦး ယွမ်ငွေ ၂၁၉ သန်း ထီပေါက်ခဲ့သော်လည်း လျှို့ဝှက်ထား

ဇနီးနှင့် ကလေးအပျင်းကြီးမသွားစေရန် တရုတ်အမျိုးသားတစ်ဦး ယွမ်ငွေ ၂၁၉ သန်း ထီပေါက်ခဲ့သော်လည်း လျှို့ဝှက်ထား

တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် မကြာသေးမီက အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၉ သန်း (ယွမ်ငွေ ၂၁၉ သန်း) တန် ထီပေါက်ခဲ့သော်လည်း ဇနီးနှင့် ကလေးအား လျှို့ဝှက်ထားရန် ဆုံးဖြတ်ခဲ့သည်။

ယင်းပမာဏသည် အိန္ဒိယရူပီးငွေဖြင့် ကုဋေ ၂၄၀ ကျော်ရှိသည်။

လီဟု အမည်ရသည့် ထီဆုရှင်သည် ရုပ်ဖျက်ထားရန် ရယ်စရာ အဝါရောင် ဝတ်စုံကို ဝတ်ဆင်ကာ ဘဝကို ပြောင်းလဲစေသော ဆုငွေများ ထုတ်ယူရေးအတွက် ထီရုံးသို့ ကိုယ်တိုင်သွားခဲ့ကြောင်း The News Australia က ဖော်ပြခဲ့သည်။

၎င်းက ပရဟိတအဖွဲ့အစည်းတစ်ခုသို့ ယွမ် ၅ သန်းခန့် လှူဒါန်းခဲ့သည်။

“ဇနီးဖြစ်သူနဲ့ ကလေးက အလွန်မိုးမမြင်လေမမြင်ဖြစ်ပြီး အနာဂတ်မှာ ကြိုးစားပမ်းစားမနေတော့မှာကို စိုးရိမ်လို့ ဖွင့်မပြောတာပါ” ဟု ၎င်းက ဆိုသည်။

ဒေသဆိုင်ရာမြို့တော် နန်နင်းအရှေ့ဘက် လီတန်မြို့ရှိ ကုန်သည်တစ်ဦးထံမှ ကံကြမ္မာအပြောင်းဖြစ်စေသည့် ထီလက်မှတ်ကို ဝယ်ယူခဲ့ကြောင်း သတင်းက ဖော်ပြခဲ့သည်။

ထီပေါက်မှန်းသိပြီး နောက်တစ်နေ့တွင် ကွမ်းရှီထီရုံး သူကိုယ်တိုင် ကားမောင်းသွားခဲ့သည်။

ပေါက်ဂဏန်းများသည် နှစ်ပေါင်းများစွာ မပေါက်ခဲ့ဘဲ မွေးထိုးလာခဲ့သည့် နံပါတ်များဖြစ်သည့် ၂၊ ၁၅၊ ၁၉၊ ၂၆၊ ၂၇နှင့် ၂ တို့ဖြစ်သည်။ (ANI)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required