တာလီဘန်တို့ အာဏာပြန်ရမှုက အာဖဂန်နစ္စတန်၏ မီဒီယာလုပ်ငန်းအပေါ် အကြီးအကျယ် ကိုင်လှုပ်ခဲ့

တာလီဘန်တို့ အာဏာပြန်ရမှုက အာဖဂန်နစ္စတန်၏ မီဒီယာလုပ်ငန်းအပေါ် အကြီးအကျယ် ကိုင်လှုပ်ခဲ့

အာဖဂန်နစ္စတန်တွင် စတင်အခြေတည်စသာ ရှိနေခဲ့သည့် ပင်မသတင်းမီဒီယာလုပ်ငန်းသည် ၂၀၂၁ ခုနှစ်က တာလီဘန်တို့ ပြန်လည် အာဏာရသွားခြင်းကြောင့် အကြီးအကျယ် ကိုင်လှုပ်ခံခဲ့ရသည်။

အာဖဂန်နစ္စတန်တွင် အုပ်ချုပ်သူအစိုးရ အပြောင်းအလဲ ဖြစ်ပြီးနောက် သတင်းမီဒီယာလုပ်ငန်း ၂၀၀ ကျော် ပိတ်သိမ်းသွားခဲ့ပြီး ဂျာနယ်လစ် ၆၄၀၀ ခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့နှင့် လွတ်လပ်သော အာဖဂန် ဂျာနယ်လစ်များ အသင်းအဖွဲ့တို့က ၂၀၂၁ ဒီဇင်ဘာတွင် ပြုလုပ်သည့် စစ်တမ်းတစ်ရပ်တွင် ဖော်ပြကြောင်း Afghan Diaspora Network က ဖော်ပြသည်။

အနောက်အုပ်စုက ထောက်ခံခဲ့သည့် အစိုးရတစ်ရပ်ထံမှ တာလီဘန်တို့ အာဏာပြန်ရသွားခြင်းကြောင့် အာဖဂန်ရှိ အဖွဲ့အစည်းများ ပြီးခဲ့သည့် အနှစ် ၂၀ ကြာ လုပ်ကိုင်ခဲ့သည့် လုပ်နည်းကိုင်နည်းပုံစံပိုင်းတွင် အပြောင်းအလဲအများအပြားကို မြင်တွေ့ခဲ့ရသည်။

တာလီဘန်အစိုးရ၏ မူဘောင်အောက်တွင် အလုပ်လုပ်ကိုင်ရန် အဆင်မပြေသည့်အတွက် မီဒီယာသမားတချို့သည် အိမ်နီးချင်းနိုင်ငံများ သို့မဟုတ် အနောက်နိုင်ငံများသို့ ပြောင်းရွှေ့ခဲ့ကြကြောင်း Afghan Diaspora Network က ဖော်ပြသည်။

အာဖဂန်နစ္စတန်တွင် မီဒီယာ၏ အနာဂတ်က မည်သို့ဖြစ်မည်ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်သော်လည်း လက်ရှိ ကသောင်းကနင်းဖြစ်မှုကြောင့် ရေတိုတွင် အာဖဂန်မီဒီယာလုပ်ငန်းအပေါ် ဖိစီးမှုများ ဖြစ်စေခဲ့သည်က သေချာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required