နယူးယောက်မြို့တွင် တရုတ်သမ္မတကို ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်

နယူးယောက်မြို့တွင် တရုတ်သမ္မတကို ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်

ကွန်မြူနစ်ပါတီခေါင်းဆောင် ရှီကျင့်ဖျင်၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုကို ဆန့်ကျင်ကြောင်း ဖော်ပြသည့်အနေဖြင့် တရုတ်ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို အကြမ်းဖက်ဖော်ဆောင်သည့် ဝန်ထမ်းများပုံစံဝတ်ရုံဖြူများ ဝတ်ဆင်ထားသူ လူ ၃၀ ခန့်က အောက်တိုဘာ ၃၁ရက်တွင် နယူးယောက်မြို့တွင် ဟော်လိုဝင်းချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြသည်။

“အာဏာရှင် ရှီကျင့်ဖျင်ကို ဖယ်ရှားဖို့ လူတန်းစား သပိတ်မှောက်ရေး” ဟု အင်္ဂလိပ်နှင့် တရုတ်လို ရေးသားထား သည့် ကြွေးကြော်သံများ ကိုင်ဆောင်ပြီး နိုင်ငံရပ်ခြားတွင် တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတိုင်း တရုတ်သို့ ပြန်ပါက လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်မှုများရှိနေသော်လည်း စုဝေးဆန္ဒပြခဲ့ကြသည်။

အခြားနဖူးစည်းများတွင် "တရုတ်လွတ်မြောက်ရေး" “ဟောင်ကောင်နှင့်အတူ ရပ်တည်ပါ” နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် အခြားသူများက တောင်းဆိုခဲ့ကြသည်။

မျိုးရိုးအမည် ဝမ်အမည်ရသည့် ဆန္ဒပြသူတစ်ဦးက ဆန္ဒပြပွဲတွင် ပါဝင်ခြင်းအတွက် နောင်တမရကြောင်း ဆိုသည်။

“ကျွန်တော်က နိုင်ငံရေးယုံကြည်ချက်ရှိလို့ လှုပ်ရှားမှုရှိတိုင်း လာလေ့ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ပွဲစီစဉ်သူများက လူတိုင်းကို မျက်နှာဖုံးများ သို့မဟုတ် မျက်နှာကာများ ဝတ်ဆင်ရန်၊ ဆဲလ်ဖုန်းများကို ပိတ်ထား ရန်နှင့် တရုတ်ထောက်လှမ်းရေးများ၏ ထောက်လှမ်းမှုကို ရှောင်ရှားရေးအတွက် ရုပ်ဖျက်ထားရန် တောင်းဆိုခဲ့ ကြသည်။

အမည်မဖော်လိုသူ အခြားဆန္ဒပြသူများကလည်း အဆိုပါပွဲကို တရုတ်ထောက်လှမ်းရေးများ စိမ့်ဝင်နိုင်ဖွယ်ရှိ သည်ဟု ယုံကြည်ကြသော်လည်း ဆန္ဒပြပွဲတွင် လူအများအပြား ပါဝင်ခဲ့သည်ဟု ဆိုသည်။

ပြည်ပရောက်ဟောင်ကောင်သားများ အများစုပါဝင်သည့် မကြာသေးမီက တရုတ်သမ္မတဆန့်ကျင်ရေးဆန္ဒပြ သူများကို တိုက်ခိုက်မှုများကြောင့် ဗြိတိန်တွင် ယင်းကဲ့သို့ စိမ့်ဝင်မှုအပေါ် စိုးရိမ်မှုများ တိုးလာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required