တရုတ်က စစ်ရေးထက် ဆိုက်ဘာတိုက်ခိုက်မှုကို ပိုမိုအသုံးပြုနိုင်ကြောင်း အမေရိကန်အရာရှိက သတိပေး

တရုတ်က စစ်ရေးထက် ဆိုက်ဘာတိုက်ခိုက်မှုကို ပိုမိုအသုံးပြုနိုင်ကြောင်း အမေရိကန်အရာရှိက သတိပေး

ထိုင်ဝမ်ကို တရုတ်က စစ်ရေးထက် ဆိုက်ဘာတိုက်ခိုက်မှုများပိုမိုပြုလုပ်နိုင်ကြောင်း အမေရိကန်ဆိုက်ဘာနှင့် နည်းပညာ ဆန်းသစ်တီထွင်မှုဆိုင်ရာ ကာကွယ်ရေးစင်တာမှ အကြီးတန်း ဒါရိုက်တာ မတ်ခ်မောင့်ဂိုမာရီက သတိပေးခဲ့သည်ဟု VOA ၏ တရုတ်ဘာသာစကားဝက်ဘ်ဆိုက်ကို ကိုးကား၍ Taipei Times သတင်းတွင် ဖော်ပြလိုက် သည်။

ထိုင်ဝမ်ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို ဖျက်ဆီးရန် တရုတ်က ဆိုက်ဘာလက်နက်များကို အသုံးနိုင်ကြောင်း VOA ၏ တရုတ်ဘာသာစကားဝက်ဘ်ဆိုက်က မောင့်ဂိုမာရီကို ကိုးကား၍ အောက်တိုဘာ ၂၉ရက်က ဖော်ပြခဲ့ သည်။

အမေရိကန်၏ အကူအညီတွင် အရေးကြီးသော အခြေခံအဆောက်အအုံများကို သုတေသနပြုခြင်း၊ အားနည်း ချက်များကို ရှာဖွေခြင်းနှင့် ယင်းတို့ကို ကာကွယ်ရန် နည်းလမ်းများ ရေးဆွဲခြင်းတို့ ပါဝင်သင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

မောင့်ဂိုမာရီသည် US Help Needed Foundation မှ အောက်တိုဘာ ၂၈ရက်တွင် ထုတ်ဝေခဲ့သော “အမေရိ ကန် အနာဂတ်ကို တိုက်ခိုက်ခြင်း-- ဆိုက်ဘာတိုက်ခိုက်မှုက စီးပွားရေးစစ်ပွဲကို ဖြစ်ပေါ်စေနိုင်ခြင်း” အမည်ရှိ အစီရင်ခံစာကို ရေးသားခဲ့သူတစ်ဦးဖြစ်သည်။

အမေရိကန်သည် ရန်လိုသောနိုင်ငံများ၏ ဆိုက်ဘာတိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် မဟာမိတ်များနှင့် လက်တွဲလုပ်ဆောင်ရမည်ဟု Taipei Times က ဖော်ပြခဲ့သည်။

“အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေက ထိုင်ဝမ်ကို ကာကွယ်ရေးအတွက် အမေရိကန်စစ်တပ်ရဲ့ တပ်ရွှေ့ပြောင်းနေရာချမှုနဲ့ တခြားစစ်ရေးလှုပ်ရှားမှုများကို အနှောင့်အယှက်ဖြစ်စေနိုင် ပါတယ် ” ဟု ဂျိမ်းမူဗန်နို၏ သတင်းအချက်အလက်ခေတ်တရုတ်စစ်တပ်စာအုပ်မှ အချက်အလက်ကို ကိုးကား၍ အစီရင်ခံစာက ဖော်ပြခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများကို ထိန်းချုပ်ရန် တရုတ်က ရည်ရွယ်ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

"တရုတ်က အမေရိကန်နှင့် မဟာမိတ်များကို ထိခိုက်နစ်နာစေပြီး ကမ္ဘာ့စီးပွားရေးနှင့် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများမှာ အဓိကကျသည့် လမ်းကြောင်းများကို ထိန်းချုပ်ရန် ပေါင်းစပ်ရေရှည်မဟာဗျူဟာကို အကောင်အထည်ဖော်ခဲ့သည်" ဟု အစီရင်ခံစာက ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံများတွင် တရုတ်ဆက်သွယ်ရေးပစ္စည်းများကို အသုံးပြုခြင်း၏ အန္တရာယ်များကို သက်သေပြနိုင်ကြောင်း မဟာဗျူဟာ၊ မူဝါဒနှင့် စီမံကိန်းဆိုင်ရာ အမေရိကန်ပြည်တွင်း လုံခြုံရေး လက်ထောက်ဝန်ကြီး ရောဘတ်ဆေးဗားစ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly