တရုတ် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ စည်းကမ်းဖောက်ဖျက်မှုဖြင့် စစ်ဆေးခံနေရ

တရုတ် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ စည်းကမ်းဖောက်ဖျက်မှုဖြင့် စစ်ဆေးခံနေရ

တရုတ်အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးထိပ်တန်းအဖွဲ့က ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ၆ ဦးအနက် တစ်ဦးဖြစ်သည့် ဖန်ယီဖေးကို စည်းမျဉ်းဥပဒေ ဆိုးဆိုးရွားရွားချိုးဖောက်မှုသံသယဖြင့် စစ်ဆေးနေကြောင်း နိုဝင်ဘာ ၅ ရက်တွင် ပြောကြားသည်။

အသက် ၅၈ နှစ်အရွယ် ဖန်သည် တရုတ်ဆောက်လုပ်ရေးဘဏ်နှင့် တရုတ်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းတို့တွင် အကြီးတန်းရာထူးတာဝန်များထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ်အစောပိုင်းမှစ၍ ဗဟိုဘဏ်ဒုဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဘဏ္ဍာရေးကဏ္ဍမှ အကျင့်ပျက်ကွန်မြူနစ်ပါတီအရာရှိများကို ဖယ်ရှားရန် မကြာသေးမီနှစ်များအတွင်း အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။

စုံစမ်းစစ်ဆေးရေးဗဟိုကော်မရှင် (CCDI) က အဆိုပါစုံစမ်းစစ်ဆေးမှုကို ထုတ်ပြန်ကြေညာခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။

မေလအတွင်းကလည်း ဗဟိုဘဏ်၏ ငွေကြေးမူဝါဒဌာနအကြီးအကဲဟောင်း ဆန်ဂေါင်ဖန်ကို စည်းမျဉ်းချိုးဖောက်မှု သံသယဖြင့် စုံစမ်းစစ်ဆေးနေကြောင်း CCDI က ဆိုသည်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအဖွဲ့သည် ၂၀၁၅ ခုနှစ်မှစ၍ တရုတ်၏ပထမဆုံးသော ပူးပေါင်းစစ်ဆေးရေးကဏ္ဍတွင် ဗဟိုဘဏ်၊ ဘဏ်နှင့် အာမခံလုပ်ငန်း အပါအဝင် ဘဏ္ဍာရေးကဏ္ဍဆိုင်ရာ အဖွဲ့အစည်း ၂၅ ခုအား စစ်ဆေးမှုကို ဖေဖော်ဝါရီတွင် အပြီးသတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly