တရုတ်က အင်တိုက်အားတိုက် ရှင်းလင်းသုတ်သင်သော ကိုဗစ်ထိန်းချုပ်ရေး မဟာဗျူဟာကို ဆက်ကျင့်သုံးမည်ဟု ကတိပြု

တရုတ်က အင်တိုက်အားတိုက် ရှင်းလင်းသုတ်သင်သော ကိုဗစ်ထိန်းချုပ်ရေး မဟာဗျူဟာကို ဆက်ကျင့်သုံးမည်ဟု ကတိပြု

တရုတ်နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်မှုများ တွေ့ရှိသည်နှင့် အင်တိုက်အားတိုက်ရှင်းလင်းသုတ်သင်သည့် နည်းလမ်းကို ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်းနှင့် ထိခိုက်လွယ်သူများ၏ လိုအပ်ချက်နှင့်အညီ စီမံချက်များကိအတိအကျအကောင်အထည်ဖော်ရမည်ဟု ကျန်းမာရေးတာဝန်ရှိသူများက နိုဝင်ဘာ ၅ ရက်တွင် ပြောသည်။

ကိုဗစ်မျိုးကွဲများကူးစက်ပျံ့နှံ့မှု မြင့်မားပြီး ရောဂါလက္ခဏာမပြသော ကူးစက်ခံရသူများရှိနေသော်လည်း နိုင်ငံ၏ တင်းကျပ်သော ကိုဗစ်ထိန်းချုပ်မှုနည်းလမ်းဖြင့် ဗိုင်းရပ်များကို ထိန်းချုပ်ဆဲဖြစ်ကြောင်း တရုတ်ကျန်းမာရေး ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒတွင် ကိုရိုနာဗိုင်းရပ်ပျံ့နှံ့မှုကို ရပ်တန့်ရန် ရည်ရွယ်လျက် အသွားအလာကန့်သတ်ခြင်း၊ သီးသန့်ခွဲထားကာစောင့်ကြည့်ခြင်းနှင့် တင်းကျပ်သောစစ်ဆေးမှုများ ပါဝင်သည်။

မကြာခင် မူဝါဒပြောင်းလဲမှု ရှိ မရှိဟူသောမေးခွန်းနှင့်စပ်လျဉ်း၍ ရောဂါထိန်းချုပ်ရေးအရာရှိ ဟူရှန်းက တရုတ်အစိုးရစီမံချက်များသည် အလုံးစုံမှန်ကန်ပြီး တွက်ခြေကိုက်ကာ ထိရောက်မှုရှိကြောင်းပြောသည်။

အသက် ၆၀ နှင့်အထက် နိုင်ငံသားများ၏ ၈၆ ဒဿမ ၃၅ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးထားကြောင်းနှင့် ထိုရာခိုင်နှုန်းအောက် ၈၀ နှင့်အထက် သက်ကြီးပိုင်းများသည် ကာကွယ်ဆေးနှင့် အားဖြည့် ဆေးများကို ထိုးပြီးဖြစ်သလို သက်ကြီးပိုင်းများအကြား ကာကွယ်ဆေးထိုးမှုကို တွန်းအားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

တရုတ်နိုင်ငံတွင် နိုဝင်ဘာ ၄ ရက်က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃ ၈၃၇ ဦးရှိပြီး ၎င်းအနက် ၆၅၇ ဦးသာ ရောဂါ လက္ခဏာပြပြီး ကျန် ၃ ၁၈၀ ဦးမှာ ရောဂါလက္ခဏာမပြပေ။ ကိုဗစ်-၁၉ ထပ်မံကူးစက်မှုမြင့်မားလာသည်မှာ ၆ လကြာရှိပြီဖြစ်ကာ လနိုဝင်ဘာ ၃ ရက်က ကူးစက်သူ ၄ ၀၄၅ ဦးရှိသည်။

နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၃ နှစ်အတွင်း အဆိုးဆုံးနှင့်အရှုပ်ထွေးဆုံး ရောဂါဖြစ်ပွားမှုကို ကြုံတွေ့နေရကာ နိုဝင်ဘာ ၄ ရက်က ရောဂါလက္ခာပြသော ဒေသတွင်းကူးစက်သူ ၁၁၁ ဦးရှိကာ ရောဂါလက္ခဏာမပြသူက ၆၃၅ ဦးရှိကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၅ ရက်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly