ရှန်ဟိုင်းဒစ်စနေးလန်းတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ဧည့်သည်များ ပိတ်မိခဲ့

ရှန်ဟိုင်းဒစ်စနေးလန်းတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ဧည့်သည်များ ပိတ်မိခဲ့

ရှန်ဟိုင်းဒစ္စနေးအပန်းဖြေစခန်းကို တရုတ်အာဏာပိုင်များက ရုတ်တရက်ကန့်သတ်ပိတ်ဆို့လိုက်ပြီး ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိမှသာ ထွက်ခွာခွင့်ပြုခြင်းကြောင့် အောက်တိုဘာ ၃၁ရက်တွင် ဧည့်သည်များစွာ ပိတ်မိနေခဲ့သည်။

တရုတ်အာဏာပိုင်များက ပြန်လည်ဖြစ်ပွားနေသောကူးစက်မှုများကို တိုက်ဖျက်ရန် ကြိုးပမ်းသည့်အနေဖြင့် ရုတ်တရက်သတ်ပိတ်ဆို့ခြင်း၊ အစုလိုက်အပြုံလိုက်စမ်းသပ်ခြင်းနှင့် ကာလရှည်ကြာ သီးသန့်ခွဲထားမှုများ ပြုလုပ်သည့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆက်လက်ကျင့်သုံးနေသည့် နောက်ဆုံး စီးပွားရေးအင်အားကြီး နိုင်ငံဖြစ်သည်။

သို့သော် မျိုးကွဲအသစ်များသည် ဒေသဆိုင်ရာတာဝန်ရှိသူများ လုပ်ကိုင်နိုင်သည်ထက် လျင်မြန်စွာ ပျံ့နှံ့ပြီး ၎င်းတို့၏ စွမ်းရည်ကို စမ်းသပ်ခဲ့ခြင်းကြောင့် တရုတ်ရှိ ဒေသအများအပြားသည် အမြဲပြောင်းလဲနေသော ကိုဗစ်-၁၉ ကန့်သတ်ထိန်းချုပ်မှုအောက်တွင် နေထိုင်နေကြရသည်။

ရှန်ဟိုင်းဒစ္စနေးအပန်းဖြေစခန်းရှိ ဧည့်သည်များသည် ယင်းနေရာတွင် စမ်းသပ်မှုတွင် ရောဂါမကူးစက်ကြောင်း ပေါ်လွင်မှသာ ထွက်ခွာခွင့်ရမည်ဖြစ်ကြောင်း မြို့တော်အစိုးရက အောက်တိုဘာ ၃၁ရက်က အွန်လိုင်းကြေညာ ချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာ ၃ရက်မှစပြီး ပန်းခြံသို့လာရောက်လည်ပတ်သူများသည် ၃ ရက်ဆက်တိုက် ကိုဗစ်-၁၉ စမ်းသပ်မှု ၃ ကြိမ် ခံယူရမည်ဖြစ်သလို အဖွဲ့လိုက်လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ယင်းက ထပ်လောင်း ဖော်ပြခဲ့သည်။

"ရောဂါထိန်းချုပ်မှုလိုအပ်ချက်များနှင့်အညီ ယာယီပိတ်သိမ်းလိုက်သည်" ဟု Disney က ပြောကြားပြီးနောက် ယခုကဲ့သို့ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

၃၉၀ ဟက်တာကျယ်ဝန်းသော ပန်းခြံနှင့် အပန်းဖြေစခန်းတွင် Shanghai Disneyland၊ Disneytown နှင့် Wishing Star Park တို့ပါဝင်သည်။

အပန်းဖြေစခန်းသည် ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် စွမ်းဆောင်ရည် လျော့ကျသွားသည်ဟု လူများက ယခင်က ပြောကြားခဲ့သည်။

ရှန်ဟိုင်းတွင် ရောဂါလက္ခဏာမပြဘဲ ရောဂါဖြစ်ပွားမှု ၁၀ ဦး အပါအဝင် ပြည်တွင်း ကူးစက်မှု ၂၆၉၉ ခုကို အောက်တိုဘာ ၃၁ရက်တွင် အမျိုးသားကျန်းမာရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required