ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်ဓာတ်ခွဲခန်းမှ ယိုစိမ့်ထွက်ပေါ်လာကြောင်း ယူဆချက်ကို ပံ့ပိုးသည့် အထောက် အထားအသစ် ထွက်ပေါ်လာ

ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်ဓာတ်ခွဲခန်းမှ ယိုစိမ့်ထွက်ပေါ်လာကြောင်း ယူဆချက်ကို ပံ့ပိုးသည့် အထောက် အထားအသစ် ထွက်ပေါ်လာ

ကျန်းမာရေး၊ ပညာရေး၊ အလုပ်သမားနှင့် ပင်စင်စားများ(HELP)ဆိုင်ရာ အမေရိကန် အထက်လွှတ်တော် ကော်မတီ၏ လူနည်းစု ကြီးကြပ်ရေးအဖွဲ့ဝင်များက ထုတ်ပြန်သည့် ကြားဖြတ် အစီရင်ခံစာတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါသည် သုတေသနဆောင်ရွက်ချက်တစ်ခုနှင့် ဆက်စပ်နေကြောင်း ဖော်ပြထားသည်။

"အများပြည်သူများရရှိနိုင်သော အချက်အလက်များအား ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံ၍ ကိုဗစ်-၁၉ ကပ် ရောဂါသည် "သုတေသနနှင့် ဆက်စပ်သော ဖြစ်ရပ်တစ်ခု၏ ရလဒ်ဖြစ်ကြောင်း" ကျိုးကြောင်းဆီလျော်စွာ ကောက်ချက်ချနိုင်ပုံပေါ်သည်။ လူသိရှင်ကြားရရှိနိုင်ပြီး အမှီအခိုကင်းစွာ အတည်ပြုနိုင်သော၊ သတင်းအချက် အလက်အသစ်သည် ယင်းအကဲဖြတ်ချက် ပြောင်းလဲနိုင်သည်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ပေါ်ပေါက်လာပြီးနောက် သုံးနှစ်ကြာသည့်တိုင် SARS-CoV-2 သည် လူမှလူသို့ ကူးစက်နိုင်သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးအဖြစ် စတင်ပေါ်ပေါက်လာပုံ အတိအကျ ကို တက်ကြွစွာ ဆွေးနွေးငြင်းခုံနေဆဲဖြစ်သည်။

ကျွမ်းကျင်သူများသည် ဗိုင်းရပ်စ်၏ မူလအစနှင့် ပတ်သက်၍ ယူဆချက် ၂ ရပ်ကို တင်ပြခဲ့သည်။

ပထမယူဆချက်မှာ SARS-CoV-2 သည် သဘာဝအတိုင်းတိရစ္ဆာန်နှင့် လူအကြားကူးစက်တက်သော ဗိုင်းရပ်စ် ကြောင့် ဖြစ်သည်။

ဒုတိယယူဆချက်မှာ သုတေသနနှင့်ပတ်သက်သည့် အဖြစ်အပျက်တစ်ခု၏ အကျိုးဆက်အနေဖြင့် ဗိုင်းရပ်စ်သည် လူကို ကူးစက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က HELP ကော်မတီ လူနည်းစုကြီးကြပ်ရေး ဝန်ထမ်းများက "ကိုဗစ်-၁၉ ကပ်ရောဂါ၏ ဇစ်မြစ်ကို လေ့လာခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ကြားဖြတ် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။

"သုတေသနနှင့် ဆက်စပ်သောဖြစ်ရပ်တစ်ခုသည် ဝူဟန်တွင်သာ သီးသန့်လျင်မြန်စွာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ဖော်ပြသည့် အစောပိုင်းကူးစက်ရောဂါဗေဒနှင့် ကိုက်ညီပြီး အစောပိုင်းအကူအညီတောင်းခံသည့် နေရာသည် ဝူဟန်မြို့လယ်ရှိ ဝူဟန်ဗိုင်းရပ်စ်အင်စတီကျူ့(WIV) တည်ရှိရာနေရာတွင် ဖြစ်သည်။ WIV သုတေသီများသည် အန္တရယ်မြင့်မားသော ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ နမူနာများကို စုဆောင်းပြီး စမ်းသပ်ခဲ့ကြသည့် အဆင့်မြင့် ကိုရိုနာဗိုင်းရပ် သုတေသန၏ ဗဟိုချက်ဖြစ်သည်” ဟု အထက်လွှတ်တော် ကော်မတီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly