ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ၃ နှစ်အရွယ်ကလေးသေဆုံးမှုအပေါ် တရုတ်အစိုးကို ပြည်သူများ စိတ်ဆိုးဒေါသထွက်

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် ၃ နှစ်အရွယ်ကလေးသေဆုံးမှုအပေါ် တရုတ်အစိုးကို ပြည်သူများ စိတ်ဆိုးဒေါသထွက်

တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ အသွားအလာပိတ်ဆို့ထားသော လူနေရပ်ကွက်၌ ဓာတ်ငွေ့ယို စိမ့်မှုကြောင့်ဟုသံသယရှိသောဖြစ်ရပ်အတွင်း ၃ နှစ်အရွယ်ကလေး သေဆုံးမှုသည် နိုင်ငံအတွင်းရှိ ပြည်သူများကို အမျက်ဒေသထွက်စေခဲ့ပြီး ၎င်းဖြစ်ရပ်အတွက် ရှီကျင့်ဖျင်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ပြစ်တင်ရှုတ်ချလျက်ရှိသည်ဟု CNN က နိုဝင်ဘာ ၃ ရက်တွင် ဖော်ပြသည်။

သေဆုံးသွားသည့်ကလေးအဖေက အာဏာပိုင်များနှင့် ကုသမှုနှောင့်နှေးခြင်းကို အပြစ်တင်ထားပြီး ကိုဗစ်အလုပ်သမားများသည် လန်ကျိုးမြို့ရှိ၎င်းတို့ရပ်ကွက်မှ သူ့အားထွက်ခွင့်မပေးခဲ့ကြောင်းနှင့် တင်းကျပ်သောကိုဗစ်စည်းမျဉ်းများက လူကိုသေစေကြောင်း လူမှုမီဒီယာပေါ်၌ ရေးသားခဲ့သည်။ “ဆေးရုံကို အချိန်မီပို့နိုင်ခဲ့ရင် ကျွန်တော့်ကလေးအသက်ကို ကယ်တင်နိုင်မှာပါ” ဟု ရေးသားခဲ့သည်။

ကိုဗစ်ဝန်ထမ်းများသည် ကလေး၏ဖခင်အား ဂန်းစုပြည်နယ်မြို့တော် လန်ကျိုးရှိ ၎င်းတို့ရပ်ကွက်မှ မထွက်ခွါရန် တားဆီးခဲ့ကြခြင်းဖြစ်သည်။

ကလေးနှင့်မိခင်နှစ်ဦးစလုံးသည် ဓာတ်ငွေ့အဆိပ်သင့်သည့် လက္ခဏာများပြနေပြီး ဖျားနေခဲ့ကြောင်း ဖခင်ဖြစ်သူတင်ထားသောပို့စ်ကို ကိုးကား၍ CNN က ဖော်ပြခဲ့သည်။ မိခင်ဖြစ်သူ၏ ကိုယ်တွင်း အင်္ဂါအခြေအနေများ တိုးတက်ကောင်းမွန်လာသော်လည်း ၃ နှစ်အရွယ် ကလေးမှာ အဆိပ်သင့်ဓာတ်ငွေ့များ ယိုစိမ့်မှုကြောင့် သေဆုံးခဲ့သည်။

တရုတ်နိုင်ငံတွင် နေစဉ် ကိုဗစ်အတည်ပြုလူနာ ၁ ၀၀၀ ထက်မနည်း တွေ့ရှိရပြီး အစိုးရအား တင်းကျပ်သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ချမှတ်စေခဲ့ကာ တရုတ်ပြည်သူများအကြား ကြောက်ရွံ့မှု၊ စိတ်ဆိုးဒေါသထွက်မှုနှင့် စိတ်ရှုပ်မှုတို့ကို ဖြစ်စေခဲ့သည်။

တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် နိုင်ငံသား ထောင်ပေါင်းများစွာအား လူမဆန်သောအခြေအနေများတွင် အတင်းအကျပ်နေထိုင်စေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly