ရွေးကောက်ပွဲမတိုင်မီ နီပေါ၏ ပြည်တွင်းနိုင်ငံရေးတွင် တရုတ် ပိုမိုပတ်သက်လာ

ရွေးကောက်ပွဲမတိုင်မီ နီပေါ၏ ပြည်တွင်းနိုင်ငံရေးတွင် တရုတ် ပိုမိုပတ်သက်လာ

နီပေါနိုင်ငံတွင် ယခုလ ရွေးကောက်ပွဲမတိုင်မီ ဂိုဏ်းဂဏစွဲဝါဒနှင့် နိုင်ငံအတွင်း တရုတ်ကွန်မြူနစ်ပါတီ၏ လွှမ်းမိုးမှု ကြီးထွားလာခြင်း စသည့် စိန်ခေါ်မှု ၂ ခုကို ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံသည် နီပေါပြည်တွင်းနိုင်ငံရေးတွင် ပိုမိုပါဝင်လာခဲ့ကြောင်း အာရှ-ပစိဖိတ်ဖောင်ဒေးရှင်းမှ အကြီးတန်း သုတေသနပညာရှင် မားကပ်စ်အန်ဒရီယိုပိုလော့စ်က Foreign Policy တွင် ရေးသားဖော်ပြထားသည်။

နီပေါနိုင်ငံသည် ၂၀၀၈ ခုနှစ်တွင် ဒီမိုကရက်တစ်သမ္မတနိုင်ငံဖြစ်လာပြီးနောက် ၁၁ ဆက်မြောက် အစိုးရသစ်ကို ရွေးကောက်တင်မြှောက်ရန် ပြည်သူများသည် နိုဝင်ဘာ ၂၀ ရက်၌ မဲပေးကြမည်ဖြစ်သည်။ သို့သော်မဟာမိတ်များ အဆက်မပြတ်ဖွဲ့စည်းခြင်းနှင့် ပြိုကွဲမှုသည် နီပေါနိုင်ငံရေးကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး မဲဆန္ဒရှင်များကို စိတ်ပျက်စေခဲ့သည်။

နီပေါရွေးကောက်ပွဲများတွင် ကွန်မြူနစ်ပါတီညွန့်ပေါင်းအဖွဲ့ဝင်အချင်းချင်း ပြိုင်ဆိုင်မှုကို တစ်ဖန်မြင်တွေ့ရဦးမည်။

နီပေါနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးကတည်းက CCP သည် သံတမန်ဆက်ဆံရေးကို နက်ရှိုင်းစေရန် နီပေါရှိ ကွန်မြူနစ်အဖွဲ့ခွဲအချို့၏ အလိုအဆန္ဒကို အခွင့်ကောင်းယူဟန်ရှိသည်ဟု Foreign Policy ရေးသားထားသည်။

တရုတ်သည် နိုင်ငံရေးမတည်ငြိမ်မှုကို လျော့ပါးစေရန် ကြိုးပမ်းလျက် တရုတ်အရာရှိများကို ထောက်ခံကာ မျက်နှာသာပေးမည့် နီပေါရှိလက်ဝဲယိမ်းမဟာမိတ်ပါတီကို တွန်းအားပေးလျက်ရှိသည်။

နီပေါ၏ အသာစီးရနေသော လက်ဝဲဝါဒသည် CCP ကို လိုလားသော်လည်း သံတမန်များသည် မဟာမိတ်ဖွဲ့ထားပုံရသော ပါတီများအကြား ကွဲလွဲမှုများကြောင့် ခေါင်းခြောက်လျက်ရှိသည်။

နီပေါတွင် တရုတ် ဆက်ဦးဆောင်နိုင်မှုသည် ကွန်မြူနစ်ပါတီ (CCP) ၏ ပထဝီဝင်နိုင်ငံရေးရပ်တည်မှုကိုလည်း အကျိုးရှိ စေနိုင်သည်။ နီပေါနှင့် တရုတ်အကြား ဆက်ဆံရေးနက်ရှိုင်းလာကာ သွေးစည်းညီညွတ်မှုကို

ကုလသမဂ္ဂ၌ ၂၀၂၁ ခုနှစ်က ပြသခဲ့ပြီးဖြစ်သည်။ တရုတ်သည် ရှင်ကျန်း၊ တိဗက်နှင့် ဟောင်ကောင်တို့တွင် လူ့အခွင့် အရေး ချိုးဖောက်မှုများအတွက် ပြစ်တင်ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရပြီး ထိုဒေသများနှင့်ပတ်သက်၍ တရုတ်၏ ကိုင်တွယ် ဖြေရှင်းမှုကို နီပေါက တခြားတောင်အာရှနိုင်ငံများနည်းတူ ချီးမွမ်းခဲ့သည်။

ယခုဖြစ်စဉ်များက ယခုလရွေးကောက်ပွဲမတိုင်မီ နီပေါ၏ဒီမိုကရေစီစနစ်ရင်ဆိုင်နေရသော ကြီးမားသော အန္တရာယ်ကို ပြသနေသည်။ တရုတ်ကွန်မြူနစ်ပါတီသည် မည်သည့် ပါတီ သို့မဟုတ် မဟာမိတ်အဖွဲ့ အနိုင် ရသည်ဖြစ်ပါစေ မလွဲဧကန် မျက်နှာချိုသွေးရန် ကြိုးစားပေလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly