တရုတ်တိုးတက်မှု အရှိန်မြှင့်လာသော်လည်း ကိုဗစ်ကန့်သတ်ချက်များကြောင့် အားနည်းနေဆဲဖြစ်

03 November 2022
တရုတ်တိုးတက်မှု အရှိန်မြှင့်လာသော်လည်း ကိုဗစ်ကန့်သတ်ချက်များကြောင့် အားနည်းနေဆဲဖြစ်

တရုတ်စီးပွားရေးသည် တတိယသုံးလပတ်တွင် မျှော်လင့်ထားသည်ထက် အရှိန်အဟုန်ဖြင့် ပြန်လည် ကောင်းမွန်လာသော်လည်း တင်းကျပ်သောကိုဗစ်ကန့်သတ်ချက်များ၊ အိမ်ခြံမြေအကျပ်အတည်း ပိုမိုဆိုးရွား လာမှုနှင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုအန္တရာယ်များက ၂၀၂၃ခုနှစ်တွင် စီးပွားရေးပြန်လည်ကောင်းမွန်ရေး တရုတ်၏ ကြိုးပမ်းမှုများကို စိန်ခေါ်လျက်ရှိသည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သည့် တရုတ်သည် ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လပတ်တွင် နှစ် အလိုက် နှိုင်းယှဉ်ပါက ၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရားဝင်အချက်အလက်များက အောက်တို ဘာ ၂၅ရက်တွင် ဖော်ပြခဲ့ပြီး ရိုက်တာစစ်တမ်းတစ်ခုတွင် လေ့လာသုံးသပ်သူများ၏ ၃ ဒသမ ၄ ရာခိုင်နှုန်း ခန့်မှန်းချက်ထက် ပိုမိုတိုးတက်ခဲ့ပြီး ဒုတိယသုံးလပတ်ထက် ဝ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

အချက်အလက်ကို မူလက အောက်တိုဘာ ၁၈ ရက်တွင် ထုတ်ပြန်ရန် စီစဉ်ထားသော်လည်း ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သည့် ကွန်မြူနစ်ပါတီကွန်ဂရက်အပြီးတွင် ရှီကျင့်ဖျင်သည် တတိယမြောက် ခေါင်းဆောင်မှုသက်တမ်းကို ထူးထူးခြားခြားရယူခဲ့ပြီး သစ္စာခံများနှင့် ဖွဲ့စည်းထားသော အုပ်ချုပ်ရေးအဖွဲ့ကို မိတ်ဆက်ခဲ့သည်အထိ နှောင့်နှေးခဲ့သည်။

စီးပွားရေးက ပြန်လည်ကောင်းမွန်လာသော်လည်း ပြည်တွင်းပြည်ပ မျက်နှာစာများစွာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

ယူကရိန်းအကျပ်အတည်းနှင့် ဆိုးရွားသော ငွေကြေးဖောင်းပွမှုကို တားဆီးရန် အတိုးနှုန်း မြှင့်တင်ခြင်းများ ကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့သည့် ပြင်ပဖိအားများသည် တရုတ်၏ ကိုဗစ်လုံးဝ ကင်းစင်ရေးမဟာဗျူဟာနှင့် အဓိကအိမ်ခြံမြေလုပ်ငန်းတွင် ဖြစ်ပေါ်နေသည့် အခက်အခဲများကြောင့် ပိုမိုဆိုးရွားလာခဲ့သည်။

ရိုက်တာစစ်တမ်းတစ်ခုအရ တရုတ်တိုးတက်မှုနှုန်းသည် ၂၀၂၂ခုနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်း မည်ဟု ခန့်မှန်းထားပြီး တရားဝင်လျာထားချက်ဖြစ်သော ၅ ဒသမ ၅ ရာခိုင်နှုန်းအောက် ကျဆင်းကာ နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံးဖြစ်သည်။

မကြာသေးမီလများအတွင်းတွင်၊ ကျယ်ပြန့်သော ကိုဗစ်-၁၉ ပိတ်ဆို့ကန့်သတ်မှုများ၊ မိုးခေါင်မှုနှင့် အကြွေးနွံနစ် နေသောအိမ်ခြံမြေဈေးကွက်၏ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့် တရုတ်စီးပွားရေးကျဆင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly