ဟောင်ကောင်ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဂျင်မီလိုင်အား လိမ်လည်မှုဖြင့် ပြစ်ဒဏ်ချမှတ်

ဟောင်ကောင်ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဂျင်မီလိုင်အား လိမ်လည်မှုဖြင့် ပြစ်ဒဏ်ချမှတ်

တရုတ်အာဏာပိုင်များက ဟောင်ကောင်တွင် အတိုက်အခံများကို ဖိနှိပ်နေကြောင်း ဝေဖန်သူများက ပြောကြား နေချိန်တွင် မီဒီယာသူဌေးကြီး ဂျေမီလိုင်နှင့် အခြားဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများကို နောက်ဆုံးတင် သည့် စွဲချက်တင်များတွင် ဟောင်ကောင်တရားရုံးတစ်ခုက မီဒီယာသူဌေးကြီး ဂျေမီလိုင်အား လိမ်လည်မှုဖြင့် အပြစ်ရှိကြောင်း ပြောကြားလိုက်သည်။

ပိတ်သိမ်းလိုက်သည့် ဒီမိုကရေစီလိုလားသော Apple Daily သတင်းစာ၏ တည်ထောင်သူ အသက် ၇၄ နှစ် အရွယ် လိုင်သည် ၂၀၁၉ခုနှစ်က ဟောင်ကောင်တွင် လအတော်ကြာ ဖြစ်ပွားခဲ့သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် တရားစွဲခံရသည့် အထင်ရှားဆုံး တက်ကြွလှုပ်ရှားသူများထဲမှ တစ်ဦိးဖြစ်သည်။

ဗြိတိန်နိုင်ငံသား လိုင်သည် ၂၀၁၉ခုနှစ် ဆန္ဒပြပွဲများအတွင်း ခွင့်ပြုချက်မရှိဘဲ စုဝေးမှုများတွင် ပါဝင်ခဲ့မှုနှင့် ၁၉၈၉ခုနှစ် တီအန်မင် ရင်ပြင်ဖြိုခွင်းခံရမှုအတွင်း နစ်နာခဲ့သူများအတွက် ၂၀၂၀ပြည့်နှစ်တွင် ခွင့်ပြုချက်မရှိဘဲ အထိမ်းအမှတ်ပွဲကျင်းပခဲ့သည့်အတွက် ထောင်ဒဏ်ကျခံနေရသူဖြစ်သည်။

လိုင်သည် အစိုးရပိုင်အဆောက်အအုံတစ်ခုတွင် ငှားရမ်းမှုသဘောတူညီချက်ကို ချိုးဖောက်ပြီး Apple Daily ၏ မိခင်ကုမ္ပဏီဖြစ်သည့် Next Digital ရုံးခန်းများတွင် အတိုင်ပင်ခံလုပ်ငန်းများလုပ်ကိုင်နေခြင်းကို ဖုံးကွယ်ထား ကြောင်း ခရိုင်တရားရုံးတရားသူကြီး စတန်လေချန်က ပြောကြားခဲ့သည်။

လိုင်နှင့် Next Digital ၏ အကြီးတန်းအမှုဆောင်ဟောင်းဖြစ်သူ တွဲဖက်တရားခံ ဝမ်ဝေခုံတို့က အပြစ်မရှိ ကြောင်း လျှောက်ထားခဲ့သည်။

လိုင်အား နိုင်ငံခြားအင်အားစုများနှင့် ပူးပေါင်းမှုနှင့် နိုင်ငံတော်အကြည်ညိုပျက်စေသည့် စာပေများ ထုတ်လုပ် ရန် ပူးပေါင်းကြံစည်မှုဖြင့် အမျိုးသားလုံခြုံရေး ဥပဒေအသစ်အရ ဒီဇင်ဘာလတွင် တရားစွဲဆိုရန် စီစဉ်ထားသည်။

ဆန္ဒပြမှုကို တုံ့ပြန်သည့်အနေဖြင့် တရုတ်အစိုးရက ပြဋ္ဌာန်းခဲ့သည့် ဥပဒေအရ ပြစ်မှုထင်ရှားပါက အပြစ်မရှိ ကြောင်း လျှောက်လဲထားသော လိုင်သည် ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည်။

Apple Daily နှင့် Next Digital ၏ အခြားသော ဝန်ထမ်းဟောင်း ၆ ဦးသည် အဆိုပါ အမှုတွင် အပြစ်ရှိကြောင်း ဝန်ခံရနိုင်ပြီး ဂျူရီလူကြီးတစ်ဦးကမဟုတ်ဘဲ ရွေးချယ်ထားသော တရားသူကြီး ၃ ဦးက ယင်းအမှုကို ကြားနာ မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required