တရုတ်စီမံကိန်းများ နှောင့်နှေးကြန့်ကြာနေကြောင်း ပါကစ္စတန် ပြောကြား

တရုတ်စီမံကိန်းများ နှောင့်နှေးကြန့်ကြာနေကြောင်း ပါကစ္စတန် ပြောကြား

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC) စီမံကိန်းများကို အရေးတကြီးဆွေးနွေးနေချိန်အတွင်း တရုတ်နှင့် ပြုလုပ်နေသည့် အရေးကြီးသော လျှပ်စစ်ဓာတ်အားနှင့် ရထားလမ်းစီမံကိန်း ၅ ခုက ကာလကြာရှည် နှောင့်နှေး ကြန့်ကြာနေကြောင်း ပါကစ္စတန်က ပြောကြားခဲ့သည်ဟု မီဒီယာများက ဖော်ပြသည်။

စင်္ကြံစီမံကိန်း၏ ၁၁ ကြိမ်မြောက် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (JCC) အစည်းအဝေးကို အောက်တိုဘာ ၂၈ရက် တွင် ကျင်းပခဲ့ရာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စီမံကိန်း ၅ ခုကို အမြန်ဆုံး ဆောင်ရွက်ရန် တရုတ်ကို ပါကစ္စတန်က တိုက်တွန်းခဲ့သည်။

နောက်ထပ်နှောင့်နှေးကြန့်ကြာမှုများကြောင့် တစ်နှစ်အတွင်း ရထားစနစ် ပြိုလဲနိုင်ပြီး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃,၁၀ဝ ထုတ်လုပ်မှု နှောင့်နှေးမည်ကို စိုးရိမ်ကြောင်း ပါကစ္စတန်စီမံကိန်းဝန်ကြီးအက်ရှန် အစ်ဘယ်လ်က ဖော်ပြ ခဲ့သည်ဟု The Express Tribune က ဖော်ပြခဲ့သည်။

သို့သော် လွန်ခဲ့သည့် ၈နှစ်က သဘောတူညီခဲ့သော အစီအစဉ်များ အကောင်အထည်ဖော်ရာတွင် အခွင့်အ လမ်းများ လွဲချော်သွားမှုများနှင့် ကြာရှည်နှောင့်နှေးမှုကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည့် အစည်းအဝေး အပြီး တွင် ကြေညာချက်မထုတ်ပြန်ခဲ့ပေ။

တရုတ်က ပါကစ္စတန်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် တောင်းဆိုထားသည့် စီမံကိန်း ၅ ခုမှာ အမေရိ ကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ ပင်မလမ်း-၁ မီးရထားလမ်းစီမံကိန်း၊ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ ကရာချိမြို့ပတ်ရထားလမ်းစီမံကိန်း၊ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ အေဇက်ပတ်တန် ရေအားလျှပ်စစ် စီမံကိန်း၊ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ကိုဟာလာဓာတ်အားပေးရေး စီမံကိန်းနှင့် ဦးစားပေးအနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိ သာလုပ်ကွက်-၁ ကျောက်မီးသွေးစီမံကိန်းတို့ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ The Express Tribune က ဖော်ပြခဲ့သည်။

“ဒီစီမံကိန်းတွေက နှစ်ဖက်စလုံးက အတားအဆီးတွေကြောင့် နှစ်ပေါင်းများစွာ ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရ ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ဒေါ်လာ ၅၈၄ သန်းတန် ဂွါဒါလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပြောင်းရွှေ့နေရာချထားရေးကို ထည့်သွင်းစဉ်း စားရန် ပါကစ္စတန်က တရုတ်ကို တောင်းဆိုခဲ့သည်။

CPEC စီမံကိန်းများတွင် လွတ်လပ်သော တရုတ်လျှပ်စစ်ဓာတ်အားထုတ်လုပ်သူများ ကြုံတွေ့နေရသည့် ကိစ္စရပ် များနှင့် ပတ်သက်၍ ဆွေးနွေးမှုသည် အစည်းအဝေး၏ အဓိကအချက်ဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly