ဝီဂါဒုက္ခသည် ၁၀ ၀၀၀ ကို လက်ခံရန် ကနေဒါပါလီမန်က အစိုးရကို တောင်းဆို

By Beijing News.net
03 November 2022
ဝီဂါဒုက္ခသည် ၁၀ ၀၀၀ ကို လက်ခံရန် ကနေဒါပါလီမန်က အစိုးရကို တောင်းဆို

ကနေဒါပါလီမန်အမတ်များက တတိယနိုင်ငံများတွင် နေထိုင်နေကြသော ဝီဂါဒုက္ခသည်များကို ကနေဒါနိုင်ငံတွင် အမြန်နေရာချထားပေးရန် အစိုးရကို တိုက်တွန်းလိုက်သည်။

ကွန်ဆာဗေးတစ်အမတ် ဂါးနက်ဂျန်နူးရစ်က တရုတ်နိုင်ငံမှ ဝီဂါလူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခြင်းကို ပြန်လည်အတည်ပြုရန်နှင့် တတိယနိုင်ငံမှ တရုတ်နိုင်ငံသို့ ပြန်ပို့ခံရမည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသော ဝီဂါ ဒုက္ခသည်များကို ကူညီပေးပေးမည့် အထူးလူဝင်မှုကြီးကြပ်ရေးစီမံချက်များ တောင်းဆိုရန် ပါလီမန်တွင် အောက်တို ဘာ ၂၅ ရက်က မဲခွဲဆုံးဖြတ်ခဲ့သည်။

'ကံကောင်းထောက်မစွာနဲ့ ဒီအဆိုကို အောက်လွှတ်တော်က ထောက်ခံခဲ့ပါတယ်' ဟု ဂါးနက်ဂျန်းနူးရစ် က VOA သို့ပြောသည်။

ဝီဂါဒုက္ခသည် ၅၀ ၀၀၀ နီးပါးသည် တူရကီတွင် နေထိုင်ကြသည်။ တရုတ်နိုင်ငံမှ ထွက်ပြေးလာသော ထိုပမာဏထက်နည်းသည့် ဝီဂါအရေအတွက်သည် အီဂျစ်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုကဲ့သို့သော နိုင်ငံများတွင် နေထိုင်သည်။ ထိုနိုင်ငံများသည် မကြာသေးမီနှစ်များက ဝီဂါများကို တရုတ်သို့ ပြန်ပို့ခဲ့သည်။

နောက်ထပ် တင်သွင်းသည့် အဆို တစ်ခုမှာ ဝီဂါဒုက္ခသည်များကို မြန်မြန်လက်ခံရန် ကနေဒါအား တောင်းဆိုသည့် နောက်အဆိုတစ်ခုကိုလည်း အောက်တိုဘာ ၂၅ ရက်က ပါလီမန်တွင် ဆွေးနွေးခဲ့ကြသည်။

“ဝီဂါနဲ့ တခြား တာကစ်လူမျိုးစု ၁၀ ၀၀၀ ကို ၂၀၂၄ ခုနှစ်ကစပြီး ၂ နှစ်အတွင်း ခေါ်ယူဖို့ ကနေဒါအစိုးရကို တောင်းဆိုခဲ့ပါတယ်” ဟု နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ပါလီမန်၏ နိုင်ငံခြားရေး ဆပ်ကော်မတီ ဥက္ကဌ ဆာမီယာဇူဘယ်ရီက VOA သို့ ပြောကြားခဲ့သည်။

ကနေဒါသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ဝီဂါများအပေါ် တရုတ်၏ပြုမူဆက်ဆံပုံကို လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် အသိအမှတ်ပြုသော ဒုတိယမြောက်နိုင်ငံဖြစ်လာခဲ့သည်။

နိုင်ငံပေါင်း ၂၈ နိုင်ငံထက်မနည်းတွင် ၁၉၉၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အကြားတွင် ဝီဂါများ ထိန်းသိမ်းခံရပြီး နေရပ်ပြန်ပို့ခံရသော ဖြစ်စဉ်ပေါင်း ၁၅၄၆ ခုရှိခဲ့ကြောင်း ဗဟိုအာရှရေးရာနှင့် ဝီဂါလူ့အခွင့်အရေးစီမံကိန်းဆိုင်ရာ Oxus Society ၏ ၂၀၂၁ ခုနှစ် ဇွန်လတွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly