တရုတ်တွင် ဗြိတိန်လေယာဉ်မှူးများကို သင်ကြားပေးသည့် သတင်းများက နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေ

တရုတ်တွင် ဗြိတိန်လေယာဉ်မှူးများကို သင်ကြားပေးသည့် သတင်းများက နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်နေ

တရုတ်လေတပ်ကို သင်ကြားပေးရန်နှင့် ဗြိတိန်တွင် တရုတ်ကျောင်းသားများကို အခြေခံအရာရှိ သင်တန်းများ ပေးရန် ဗြိတိန်စစ်တပ်မှ လေယာဉ်မှူးများကို တရုတ်သို့ စေလွှတ်ခြင်းက နိုင်ငံတော်လုံခြုံရေးကို အန္တရာယ် ဖြစ်စေသည်ဟု ကွန်ဆာဗေးတစ်ပါတီ စွပ်စွဲခံနေရသည်။

လင်ကွန်ရှိုင်းယား၊ ကရမ်ဝဲရှိ RAF ကောလိပ်နှင့် ဆွန်ဒင်၊ ရှရီဗန်ဟန်ရှိ Joint Services Command and Staff ကောလိပ်တို့တွင် တရုတ်နိုင်ငံမှ ကျောင်းသားအများအပြားသင်ကြားနေစဉ် ဗြိတိန်တော်ဝင်လေတပ် (RAF) တွင် တာဝန်ထမ်းဆောင်နေသော လေယာဉ်မှူးအများအပြားသည် တရုတ်တွင် "လေကြောင်း အင်္ဂလိပ်စာ သင်တန်း" ကို ၂၀၁၆ခုနှစ်တွင် သင်ကြားခဲ့ကြောင်း Sky News က သတင်းဖော်ပြသည်။

ကာကွယ်ရေးဝန်ကြီးဌာန (MoD) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ဗြိတိန်က တရုတ်လေတပ်က လေယာဉ်မှူး တွေကို အမြန်ဂျက်လေယာဉ်လေ့ကျင့်ခန်း ဒါမှမဟုတ် တခြား အရေးကြီးတဲ့ လေ့ကျင့်မှုတွေကို ဘယ်တုန်းကမှ မသင်ပေးခဲ့ဘူး” ဟု ပြောကြားခဲ့သည်။

အင်္ဂလိပ်ဘာသာစကားနှင့် လက်နက်ကိုင်ပဋိပက္ခဥပဒေဆိုင်ရာ ပထမအရာရှိသင်တန်းများပါဝင်သည့် တရုတ် နှင့် MoD ၏ တရားဝင်ကာကွယ်ရေးလှုပ်ရှားမှုများကို ၂၀၁၉ခုနှစ်တွင် ရပ်တန့်ခဲ့သည်။

သို့သော် တိုရီပါတီ(ကွန်ဆာဗေးတစ်ပါတီ)သည် တရုတ်နှင့် ပလဲနံပသင့်လွန်းခြင်းကြောင့် လုံခြုံရေး ခြိမ်းခြောက်မှုများကို ထပ်ခါတလဲလဲ ဖြစ်ပေါ်စေခဲ့သည်ဟု လေဘာပါတီက ဝေဖန်ခဲ့သည်။

အပြိုင်အစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီး ဂျွန်ဟေလေက “ဒီတရားဝင်သင်ကြားမှုတွေက ဗြိတိန်စစ်တပ်ရဲ့ အသေးစိတ်စစ်ဆင်ရေးတွေ၊ နည်းပညာတွေ ပေးရပြီးနဲ့ နိုင်ငံခြားအင်အားကြီးနိုင်ငံတစ်နိုင်ငံကို လေ့ကျင့် ပေးမှုက အမျိုးသားလုံခြုံရေးကို သိသိသာသာ ခြိမ်းခြောက်စေပါတယ်” ဟု ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် ဗြိတိန်အစိုးရက အနောက်နိုင်ငံမှ စစ်လေယာဉ်များနှင့် တိုက်လေယာဉ်များကို မည်ကဲ့ သို့ အနိုင်ယူရမည်ကို တရုတ်စစ်တပ်အား သင်ကြားခြင်းမပြုရန် ဗြိတိန်စစ်လေယာဉ်မှူးဟောင်းများကို သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly