တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်အဖြစ် ရှီကျင့်ဖျင် ပြန်လည်ရွေးချယ်ခံရခြင်းက မော်စတီတုံး ဖန်တီးခဲ့သည်ထက် ပိုဆိုးရွားသော ကမ္ဘာ့အခြေအနေ ဖြစ်လာနိုင်

တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်အဖြစ် ရှီကျင့်ဖျင် ပြန်လည်ရွေးချယ်ခံရခြင်းက မော်စတီတုံး ဖန်တီးခဲ့သည်ထက် ပိုဆိုးရွားသော ကမ္ဘာ့အခြေအနေ ဖြစ်လာနိုင်

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အထွေထွေအတွင်းရေးမှူးနှင့် လာမည့်၅ နှစ်အတွက် နိုင်ငံခေါင်းဆောင်အဖြစ် ရှီကျင့်ဖျင် ပြန်လည်အရွေးခံရခြင်းသည် စီးပွားရေး၊ နိုင်ငံခြားဆက်ဆံရေး၊ လူ့အခွင့်အရေးနှင့် ပြည်သူ့ သဘောထားကွဲလွဲမှုနှင့်ပတ်သက်၍ ပိုမိုတင်းမာသော မူဝါဒများကို မြင်တွေ့ရလိမ့်မည်ဟု ခန့်မှန်းရသည်။

ရှီသည် တတိယသက်တမ်းကို ရယူပြီးနောက် 'နေဝန်းနီ' ဟု တင်စားခံရသော တရုတ်နိုင်ငံ၏ ကြီးမြတ်သော ခေါင်းဆောင် မော်စီတုံးကို ကျော်တက်သွားသည်။ ရဲတင်းလှသော ရှီကျင့်ဖျင်ဦးဆောင်မှုဖြင့် မော်စီတုန်း ဖန်တီးထားသည်ထက် ပိုဆိုးသော ကမ္ဘာကြီးကို မြင်တွေ့ရဖွယ်ရှိသည်ဟု Voices Against Autocracy က ဖော်ပြသည်။

သတိပေးလက္ခဏာများပြသနေသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး နိုင်ငံများစွာသည် ယခုအခါ ၎င်းတို့ကိုယ်တိုင် ကြွေးမြီထောင်ချောက်ထဲ ရောက်ရှိနေပြီဖြစ်သည်။ ယင်းသည် ကမ္ဘာ့နိုင်ငံများကို လွှမ်းမိုးရန် တရုတ် ကြိုးစားနေသော နည်းများစွာအနက် တစ်ခုဖြစ်သည်။

မောင်စီတုံးခေတ်ကာလက တိဗက်ကို တရုတ်သိမ်းပိုက်လိုက်သကဲ့သို့ပင် ရှီသည် ထိုင်ဝမ်ကို သိမ်းပိုက်ရေးအတွက် ရေရှည်အစီအစဉ်ကို အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း ထင်ကြေးပေးမှုများရှိနေသည်။

ထို့ပြင် ပြင်းထန်လွန်းသော ကိုဗစ်လုံးဝကင်းစင်ရေးဗျူဟာ၊ ရှုတ်ချသူများကို ဖယ်ရှားခြင်း၊ စီးပွားရေး အခက်အခဲများနှင့် အိမ်ခြံမြေကဏ္ဍကျဆင်းခြင်း အပါအဝင် လိုသည်ထက်ပိုသော ထုတ်ပြန်ချက်များကို ဆန့်ကျင်သော တရုတ်နိုင်ငံသားများ၏ နိုင်ငံတွင်းဆန္ဒပြမှုများ မကြာသေးခင်က ပေါ်ပေါက်ခဲ့သည်။

ရှီသည် အမျိုးသားလုံခြုံရေးကို အလေးထားကာ မလိုလားအပ်သော အတိုက်အခံများအားလုံးကို တိုက်ဖျက်ရန် ရည်ရွယ်ထားသည်။

ကမ္ဘာ့နိုင်ငံများအတွက် တရုတ်ဖန်တီးခဲ့သော မှီခိုမှုက ရှီအား ကမ္ဘာနှင့် တရုတ်စီးပွားရေးကို ယခင်နှင့်မတူစွာ လွှမ်းမိုးနိုင်မည်ဖြစ်သည်။ တရုတ်စီးပွားရေးကို ကမ္ဘာ့စီးပွားရေးမှ ခွဲထုတ်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးဖြစ်ပြီး ယင်းသည် စိုးရိမ်စရာပြဿနာတစ်ခုဖြစ်ကြောင်း Voices Against Autocracy သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly