ရတနာပုံနောက်ခံလူ ရဲဝင်းအောင် ဒူးဒဏ်ရာကြောင့် သုံးပတ်ခန့်နားရမည်

ရတနာပုံနောက်ခံလူ ရဲဝင်းအောင် ဒူးဒဏ်ရာကြောင့် သုံးပတ်ခန့်နားရမည်
ပဏာမမြန်မာ့လက်ရွေးစင်အသင်း၌ ရတနာပုံနောက်ခံလူ ရဲဝင်းအောင် အား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

မတ် ၃၊ ရန်ကုန်။                    ။ ရတနာပုံအသင်းမှ မြန်မာ့လက်ရွေးစင်နောက်ခံလူ ရဲဝင်းအောင်မှာ ဒူးဒဏ်ရာကြောင့် သုံးပတ်ခန့်အနားယူရမည်ဟု ရတနာပုံအသင်းက ထုတ်ပြန်ကြေငြာခဲ့သည်။

ရဲဝင်းအောင်မှာ ယင်းဒဏ်ရာကို ရှမ်းယူနိုက်တက်နှင့်ပွဲတွင်ရခဲ့ခြင်းဖြစ်ပြီး ပွဲချိန်အစောပိုင်းမှာပင် သက်နိုင်နှင့်လူစားလဲခဲ့ရသည်။ ရဲဝင်းအောင်၏ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီး ရတနာပုံအသင်း   ဆေးမှူး ဦးစိုးလင်းက “ရဲဝင်းအောင်ဒဏ်ရာကအချိန်ပေးအနားယူဖို့လိုပါတယ်။ ဘယ်ဘက်ဒူးဒဏ်ရာပါ။ အချိန်ပေးကုသရမှာဖြစ်ပြီး ကျွန်တော်တို့ဘက်ကလည်း လိုအပ်တဲ့ထောက်ပံ့မှုတွေလုပ်ပေးနေပါတယ်။”ဟု ပြောသည်။

ရဲဝင်းအောင်မှာ ဒဏ်ရာကြောင့် မတ်လအတွင်းမြန်မာ့လက်ရွေးစင်အသင်းကစားမည့် မလေးရှား၊စင်ကာပူ တို့နှင့်နိုင်ငံတကာခြေစမ်းပွဲ၊ လက်ဘနွန်နှင့်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများကိုလည်း လွဲချော်ဖွယ်ရှိနေသည်။ ရဲဝင်းအောင်မှာ ရတနာပုံနည်းပြ ရီနီလက်ထက်တွင် ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး ယခုနှစ်ရာသီ ပွဲစဉ်(၈)အပြီးတွင် ၃ပွဲသာပွဲထွက်ခွင့်ရထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly