အမေရိကန်၏ အဓိက မဟာမိတ်များက တရုတ်သို့ ချစ်ပ်ပြားတင်ပို့မှု တားမြစ်ချက်ကို ချမှတ်မည်

အမေရိကန်၏ အဓိက မဟာမိတ်များက တရုတ်သို့ ချစ်ပ်ပြားတင်ပို့မှု တားမြစ်ချက်ကို ချမှတ်မည်

နောက်ဆုံးပေါ်အဆင့်မြင့် မိုက်ခရိုချစ်ပ်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် နည်းပညာများအား တရုတ်သို့ တင်ပို့ခြင်းဆိုင်ရာ အမေရိကန် တားမြစ်ချက်ကို သက်တမ်းတိုးရန် ဘက်စုံသဘောတူညီချက်ကို မကြာမီကာလ အတွင်းတွင် လက်မှတ်ထိုးသွားမည်ဖြစ်ကြောင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦး က အောက်တိုဘာ ၂၇ရက်တွင် ပြောကြားလိုက်သည်။

ဂျပန်နှင့် နယ်သာလန်တို့ကဲ့သို့ ချစ်ပ်ထုတ်လုပ်သည့် နည်းပညာကို တင်ပို့ရောင်းချသည့် မဟာမိတ်နိုင်ငံများက တရုတ်သို့ တင်ပို့မှုကို ကန့်သတ်ရန် ကြိုးပမ်းမှုတွင် ပါဝင်လာကြောင်း စက်မှုနှင့် လုံခြုံရေးဆိုင်ရာ ကူးသန်း ရောင်းဝယ်ရေး လက်ထောက်ဝန်ကြီးအလန် အီစတိဗ်က ဝါရှင်တန်မြို့ရှိ အမေရိကန်လုံခြုံရေးစင်တာ အသစ်တွင် ကျင်းပသည့် အခမ်းအနား၌ ပြောကြားခဲ့သည်။

"မကြာမီကာလအတွင်းမှာ သဘောတူညီချက်တစ်ခု ပြီးမြောက်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်" ဟု အီစတိဗ်က ပြောကြားခဲ့ပြီး မကြာသေးမီက အမေရိကန်၏ ပို့ကုန်ပိတ်ပင်မှုသည် မဟာမိတ်များအတွက် အံ့အားသင့်စရာမဟုတ်ကြောင်း" ထပ်မံ ပြောကြားခဲ့သည်။

မိုက်ခရိုချစ်ပ်စက်မှုလုပ်ငန်းများရှိသည့် မဟာမိတ်နိုင်ငံများက တရုတ်ကုမ္ပဏီများအား ချစ်ပ်ထုတ်လုပ်ခြင်း ဆိုင်ရာ တားမြစ်ခြင်းအပေါ် ညှိနှိုင်းပိတ်ပင်ရန် အမေရိကန်အရာရှိများကို လမ်းဖွင့်ထားသော်လည်း အမေရိကန်ကို ဦးဆောင်စေလိုသည်ဟု အီစတိဗ်က ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ထပ်တလဲလဲ ကြားနေရတာက 'အမေရိကန်လဲ စွန့်စားလုပ်ဆောင်ပါ။' ကျွန်တော်တို့လဲ လုပ်ဆောင်ပါမယ်။ အရေးယူပါမယ်” ဟု ၎င်းက ပြောကြားသည်။

အနောက်တိုင်းမှ ဒီဇိုင်းထုတ်ထားသော နည်းပညာကို စစ်ရေးရည်ရွယ်ချက်အတွက် တရုတ်က အခွင့်ကောင်း ယူနေသည်ဟု စွပ်စွဲပြီးနောက် မကြာသေးမီက အမေရိကန်အစိုးရက တရုတ်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှု တိုးတက်ရေးကို နှောင့်နှေးစေရန် အစီအမံအချို့ကို ကြေညာခဲ့သည်။

မူဝါဒများကို တရုတ်အစိုးရနှင့် တရုတ်ချစ်ပ်ထုတ်လုပ်ရေး လုပ်ငန်းများက ပြည်တွင်းလုပ်ငန်းများကို အကာ အကွယ် ပေးခြင်းဖြစ်ကြောင်း ရှုတ်ချခဲ့ပြီး “စစ်အေးတိုက်ပွဲ စိတ်ဓာတ်” ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

Apple ကုမ္ပဏီမှ အမှာစာများကို ရပ်ဆိုင်းပြီးနောက် တစ်ပတ်အကြာတွင် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Yangtze Memory Technologies Co. သည် အမေရိကန်မူဝါဒများကို လိုက်နာရန် အဓိကဝန်ထမ်းများကို အလုပ်ထုတ်လိုက်ကြောင်း Financial Times သတင်းစာက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required