ဒလိုင်းလားမားခေတ်အလွန်အတွက် တရုတ်ပြင်ဆင်မှုများ

ဒလိုင်းလားမားခေတ်အလွန်အတွက် တရုတ်ပြင်ဆင်မှုများ

တိဗက်ဗုဒ္ဓဘာသာ၏ ကိုယ်ပိုင်လက္ခဏာကို တရုတ်ဇာတ်သွင်းသည့် ကြိုးပမ်းမှုကို ကမ္ဘာ့နိုင်ငံများက သိကြပြီးဖြစ်သလို ဒလိုင်းလားမားအသစ်ဆက်ခံမည့်ကိစ္စကို ထိန်းချုပ်ရန် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ကျယ်ပြန့်သောအစီအစဉ်သည် တရုတ်၏ ဒလိုင်းလားမားခေတ်အလွန် အတိတ်နိမိတ်မကောင်းသည့် အကြံ အစည်ဖြစ်ကြောင်း မြင်တွေ့နေရသည်။

မကြာသေးမီက တိဗက်သုတေသီတစ်ဦးဖော်ထုတ်ခဲ့သော ဌာနတွင်း စာရွက်စာတမ်း ၂ ခု၌ ဒလိုင်းလားမားအသစ် ခန့်အပ်ခြင်းအား ထိန်းချုပ်မည့် တရုတ်ကွန်မြူနစ်ပါတီ၏ ကျယ်ကျယ်ပြန့်ပြန့် အစီအစဉ်အစဉ်များ ပါဝင်သည်။

ဒလိုင်းလားမားအရိုက်အရာကို ဆက်ခံခြင်းသည် စံတန်ဖိုးများနှင့် တရားတော်များအတိုင်းသာ လုပ်ဆောင် ရမည်ဟု ၁၄ ဆက်မြောက် ဒလိုင်းလားမားက ပြတ်ပြတ်သားသားပြောဆိုထားသော်လည်း ဒလိုင်းလားမား ဆက်ခံသူကို ပေါ့ပေါ့တန်တန် အမည်စာရင်းသွင်းသော တရုတ်ကွန်မြူနစ်ပါတီ၏ ကြိုးပမ်းမှုမှန်သမျှသည် တိဗက်ဒေသနှင့် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းအကြား အယုံအကြည်မဲ့စေသည်။

ထို့ပြင် တရုတ်သည် ငွေကြေးရင်းနှီးမြှုပ်နှံမှုများ၊ အရေးပါသော ဗုဒ္ဓဘာသာအဆောက်အအုံနေရာများကို ပြုပြင်မွမ်းခြင်းနှင့် ဗုဒ္ဓဘာသာအချိတ်အဆက်များဖြင့် အထိမ်းအမှတ်များတည်ဆောက်ခြင်းအားဖြင့် နိုင်ငံတကာ ဗုဒ္ဓအသိုက်အဝန်းဆီသို့ လက်လှမ်းမီအောင် လုပ်ဆောင်နေကြောင်း Tibet Press ကဖော်ပြသည်။

ဗုဒ္ဓဘာသာဝင်အများစုနေထိုင်သည့် ဒေသများ အထူးသဖြင့် အရှေ့တောင်အာရှဒေသရှိ ရင်းနှီးမြှုပ်နှံမှုများသည် ဒေါ်လာသန်းပေါင်းများစွာတန်သော ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းနှင့် အမြဲတစေ ချိတ်ဆက်ထားသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ဘာသာရေးထုံးတမ်းစဉ်လာအတိုင်းမဟုတ်ဘဲ ၎င်းတို့ ရွေးချယ်ထားသော ခေါင်းဆောင်ကို ဆက်ခံစေခြင်းဖြင့် ဒေသတွင်း ကြီးထွားလာသော မုန်းတီးမှုများကို တားဆီးရင်း နောက်ဆက်ခံမည့်ဒလိုင်းလားမားကို တိဗက်ပြဿနာကို နှိပ်ကွပ်သည့် အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ကျဉ်းထဲကျပ်ထဲရောက်နေသော ဒေသအအပေါ် အခိုင်အမာ ထိန်းချုပ်ထားရေးအတွက် ဒလိုင်းလားမားဆက်ခံမှုအား အမြတ်ထုတ်ရန် ကြိုးပမ်းအားထုတ်နေသည်မှာ သိသာလှပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required